ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာတွင် ဖုန်းခိုးသည်ဟုဆိုကာ ကိုရင်ငယ်တစ်ပါးအား ခန်းနေဆရာတော်က တုတ်ဖြင့်ရိုက်နှက်မှုကြောင့် ပျံလွန်တော်မူခဲ့ဖြင့် ကျူးလွန်သူ ဆရာတော်အား အမှုဖွင့်ဖမ်းဆီး

ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာတွင် ဖုန်းခိုးသည်ဟုဆိုကာ ကိုရင်ငယ်တစ်ပါးအား ခန်းနေဆရာတော်က တုတ်ဖြင့်ရိုက်နှက်မှုကြောင့် ပျံလွန်တော်မူခဲ့ဖြင့် ကျူးလွန်သူ ဆရာတော်အား အမှုဖွင့်ဖမ်းဆီး
Published 23 September 2024

ဖျာပုံမြို့နယ် အမာမြို့ ဒေါ်ညိမ်းကျေးရွာတွင် ဖုန်းခိုးသည်ဟုဆိုကာ ကိုရင်ငယ်တစ်ပါးအား ခန်းနေဆရာတော်က တုတ်ဖြင့်ရိုက်နှက်မှုကြောင့် ပျံလွန်တော်မူခဲ့ဖြင့် ကျူးလွန်သူ ဆရာတော်အား အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဒေါ်ညိမ်းကျေးရွာ သရက်တောဘုန်းတော်ကြီးကျောင်းတွင် ကိုရင်တစ်ပါးအား ခန်းနေဆရာတော်မှ ရိုက်နှက်မှုကြောင့် သေဆုံးကြောင်း သတင်းအရ စက်တင်ဘာ ၁၈ ရက်က သွားရောက်စစ်ဆေးခဲ့ကြောင်း အမှုစစ်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"ကျွန်တော်တို့ ၁၈ ရက် ၉ လမှာ သတင်းကြားတယ်ပေါ့။ ဒေါ်ညိမ်း သရက်တောဘုန်းတော်ကြီးကျောင်းမှာ ကိုရင်လေးတစ်ပါး ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ အုပ်ချုပ်ရေးမှူးက သတင်းပို့လို့ သွားခဲ့ပါတယ်။ သွားတော့ အဲဒီမှာ ကိုရင်လေးက ကျော၊ ပေါင်နဲ့ တင်ပါးမှာ ညိုမဲ စုတ်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ ဒေါ်ညိမ်းတိုက်နယ်ဆေးရုံကို သတင်းပို့တယ်။ သတင်းပို့ပြီး ကိုရင်လေးရဲ့ ဖခင်ကို တရားလိုပြုလုပ်ပြီး အမှုဖွင့်တယ်။ ဖွင့်ပြီးတော့ ကျူးလွန်တဲ့ ခန်းနေဆရာတော်ကို ရပ်ကျေးသံဃာ့နာယကနဲ့ သိက္ခာချပြီး ဖမ်းခဲ့ပါတယ်။ ကိုရင်လေးက တခြားကိုရင်ရဲ့ ဖုန်းကို ခိုးလို့ဆိုပြီး အဲဒီခန်းနေဆရာတော်က ဝါစိမ်းတုတ် နှစ်ချောင်းနဲ့ ရိုက်လို့ သေသွားတာပေါ့။ ခုအဲဒီဆရာတော်ကို လူသတ်မှုဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ဖမ်းဆီးထားပါတယ်။'' ဟု  ယင်းအမှုစစ် တာဝန်ရှိသူက ပြောကြားသည်။ 

အဆိုပါအမှုနှင့်ပတ်သက်၍ သက်သေခံပစ္စည်းများအား သိမ်းဆည်းပြီး ကျူးလွန်သူအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent