ထိုင်ဝမ်တွင် တိုင်ဖွန်းခရာသွန်း တိုက်ခတ်ပြီးနောက် အပျက်အစီးများ ရှင်းလင်းရေး စတင်လုပ်ဆောင်

ထိုင်ဝမ်တွင် တိုင်ဖွန်းခရာသွန်း တိုက်ခတ်ပြီးနောက် အပျက်အစီးများ ရှင်းလင်းရေး စတင်လုပ်ဆောင်
အောက်တိုဘာ ၄ ရက်က ကောင်းရှန်းမြို့တွင် တိုင်ဖွန်းဝင်ရောက်ပြီးနောက် အပျက်အစီးများကို ရှင်းလင်းနေသော စစ်သားများကို တွေ့ရစဉ်(Photo: AFP)
အောက်တိုဘာ ၄ ရက်က ကောင်းရှန်းမြို့တွင် တိုင်ဖွန်းဝင်ရောက်ပြီးနောက် အပျက်အစီးများကို ရှင်းလင်းနေသော စစ်သားများကို တွေ့ရစဉ်(Photo: AFP)
Published 4 October 2024

ထိုင်ဝမ်တောင်ပိုင်း အဓိကဆိပ်ကမ်းမြို့တစ်မြို့ကို တိုင်ဖွန်းခရာသွန်းဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အောက်တိုဘာ ရက်တွင်  ရေကြီးမှုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် ဖြစ်ပေါ်လာသော အပျက်အစီးများကို ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ပြီး ကျွန်း၏နေရာအများစုတွင် လုပ်ငန်းများ ပြန်လည်စတင်လုပ်ဆောင်ခဲ့သည်။

လက်ရှိတွင် အပူပိုင်းလေဖိအားနည်း ရပ်ဝန်းအဆင့်အထိကျဆင်းသွားပြီဖြစ်သည့် ခရာသွန်းမုန်တိုင်းသည် ထိုင်ဝမ်အနောက်တောင်ပိုင်း ကောင်းရှန်းမြို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ကာ စံချိန်တင်လေပြင်းများတိုက် ခတ်မှုနှင့်အတူ အဆောက်အအုံအချို့ပြ တင်းတံခါးမှန်များ အက်ကွဲခြင်းနှင့် ရေကြီးရေလျှံမှုကြောင့် အပျက်အစီးများ ဖြစ်ပေါ်ခြင်းတို့ကို ကြုံတွေ့ခံစားခဲ့ရသည်။

ထိုင်ဝမ်၏ ကျန်ဒေသများတွင်လုပ်ငန်းတာဝန်များ ပြန်လည်လုပ်ဆောင်နေသော်လည်းကောင်းရှန်းမြို့နှင့် အိမ်နီးချင်းပင်းထန်းကောင်တီအစိုးရများက ၎င်းင်းတို့အနေဖြင့် လမ်းများပေါ်ရှိ ရေများကို အဝေးသို့စွန့်ထုတ် နေခြင်း၊ လဲကျနေသော သစ်ပင်များကို ဖယ်ရှားနေခြင်းနှင့် လမ်းများကို ရှင်းလင်းနေခြင်းတို့ကြောင့် နောက်ထပ်တစ်ရပ် အလုပ်ပိတ်မည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

ပို့ဆောင်ဆက်သွယ်ရေး၊ ရေနဲ့လျှပ်စစ်ဓာတ်အားတွေကို အတတ်နိုင်ဆုံးအမြန်ပြန်ရဖို့ မျှော်လင့်ထားပါတယ်။အဲဒါမှသာအလုပ်တာဝန်နဲ့ နေ့စဉ်ဘဝတွေကို ပုံမှန်အတိုင်းပြန် လည်စတင်နိုင်မှာဖြစ်ပါတယ်ဟုကောင်း ရှန်းမြို့တော်ဝန် ချန်းချီမိုင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ကောင်းရှန်းမြို့အစိုးရက ၎င်းင်းတို့အနေဖြင့် လမ်းများပေါ်တွင် လဲကျနေသောသစ်ပင် ၂၀၀၀ ကျော်ကို ရှင်းလင်းရေးများလုပ်ဆောင်နေပြီး ဒဏ်ရာရရှိသူနှစ်ဦးရှိကြောင်း ပြောကြားခဲ့သည်။

ကောင်းရှန်းမြို့တွင် ရှင်းလင်းရေးအလုပ်သမားများက လဲကျနေသော သစ်ပင်များနှင့် လမ်းအချက်ပြဆိုင်းဘုတ်များကို ဖယ်ရှားရှင်းလင်းရန် ကရိန်းများအသုံးပြုခဲ့ကြသည်။

သဲအိတ်တွေလည်း အလုပ်မဖြစ်ပါဘူး။ လေတိုက်နှုန်းကရေတွေကို ဖိအားပေးနေလို့ပါဟု အသက် ၄၉ နှစ်အရွယ် ကလာ့ဒ်ဟွမ်က ပြောကြားခဲ့သည်။ကံကောင်းတာကနာ ရီပေါင်းလောက်ပဲကြာလို့ပါ။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ ရှင်းလင်းရေးတွေစပြီး လုပ်ခဲ့ပါတယ်ဟု ဆိုသည်။

အင်ဂျီနီယာတစ်ဦးဖြစ်သည့် ဆိုင်မင်းအန်က ရေများသည် ၎င်းင်း၏အိမ်အောက်ဘက်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် ရှင်းလင်းရေးများ လုပ်ဆောင်ခဲ့သည်။

ကျွန်တော် ဒီလောက်ထိ လေတိုက်တာမျိုးမတွေ့ဖူးပါဘူး။ တော်တော်ဆိုးပါတယ်ဟု အသက် ၅၁ နှစ်အရွယ်ဆိုင်မင်းအန်က ပြောပြခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း ခရာသွန်းသည် အောက်တိုဘာ ရက်တွင် ထိုင်ဝမ်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ထိုင်ဝမ်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ထားသည်။

 ကောင်းရှန်းနှင့်ပင်းထန်းမြို့ရှိ အိမ်ထောင်စု ၁၀၀,၀၀၀ နီးပါးသည် အောက်တိုဘာ ရက်တွင်လျှပ်စစ်ဓာတ်အားရရှိခြင်းမရှိသေးဘဲ ကောင်းရှန်းမြို့ရှိအိမ်ထောင်စု ၁၂၉,၀၀၀ သည် ရေထောက်ပ့ံမှုရရှိခြင်းမရှိ သေးပေ။

တိုင်ဖွန်းခရာသွန်းမဝင်ရောက်မီ အရှေ့ ဘက်ကမ်းရိုးတန်းတွင် အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးပျောက်ဆုံးကာ ၆၆၇ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဌာနက ထုတ်ပြန်ထားသည်။               Ref: Reuters