ချန်ပီယံလိဂ်ထာဝရဂိုးသွင်းအများဆုံးစာရင်းတွင် မန်စီးတီးဂန္ထဝင် အဂွဲရိုးအား ဟာလန်း ကျော်ဖြတ်

ချန်ပီယံလိဂ်ထာဝရဂိုးသွင်းအများဆုံးစာရင်းတွင် မန်စီးတီးဂန္ထဝင် အဂွဲရိုးအား ဟာလန်း ကျော်ဖြတ်
Photos: AFP & X
Photos: AFP & X
Published 2 October 2024

 

မန်စီးတီးတိုက်စစ်မှူး ဟာလန်းသည် ဆလိုဗန်အသင်းအား အနိုင်ရသည့်ပွဲတွင် တစ်ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ် ထာဝရဂိုးသွင်းအများဆုံး စာရင်းတွင် အသင်းဂန္ထဝင် အဂွဲရိုးကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။ 

အောက်တိုဘာ (၁) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ် League Phase ပွဲစဉ် (၂) ဆလိုဗန် (၀-၄) မန်စီးတီးပွဲ၌ ဟာလန်းသည် ပွဲချိန် (၅၈) မိနစ်တွင် မန်စီးတီးအတွက် တတိယဂိုးကို သွင်းယူပေးခဲ့သည်။ 

ယင်းဂိုးမှာ ဟာလန်း အတွက် ချန်ပီယံလိဂ် (၄၁) ပွဲတွင် (၄၂) ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစာရင်းတွင် မန်စီးတီးဂန္ထဝင် အဂွဲရုုိး (၄၁ ဂိုး)ကို ကျော်ဖြတ်ကာ အဆင့် (၁၈) နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ 

အဂွဲရိုးသည် အက်သလက်တီကို၊ မန်စီးတီးနှင့် ဘာစီလိုနာအသင်းများအတွက် ချန်ပီယံလိဂ် (၇၉) ပွဲကစားခဲ့ပြီး (၄၁) ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အသက် (၂၄) နှစ်အရွယ် နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်းမှာလည်း ဆာလ်ဇ်ဘာ့ဂ်၊ ဒေါ့မွန်နှင့် မန်စီးတီးအသင်းတို့အတွက် ချန်ပီယံလိဂ် (၄၁) ပွဲကစားရာတွင် (၄၂) ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ထာဝရဂိုးအများဆုံးသွင်းထားသူမှာ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုုဖြစ်ပြီး ဂိုး (၁၄၀) အထိ သွင်းထားသည်။ ၎င်းသည် မန် ယူ၊ ရီးယဲလ်နှင့် ဂျူဗင်တပ်စ်အသင်းများတွင် ကစားစဉ်က ချန်ပီယံလိဂ် (၁၈၃) ပွဲတွင် ဂိုး (၁၄၀) အထိ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent