■ နီကိုဝီလီယံစ် ဘီလ်ဘာအိုတွင် ဆက်ရှိ၍ ပျော်ရွှင်မိသည်ဟု တီဘက်စ် ပြောကြား     

■ နီကိုဝီလီယံစ် ဘီလ်ဘာအိုတွင် ဆက်ရှိ၍ ပျော်ရွှင်မိသည်ဟု တီဘက်စ် ပြောကြား     
Photo: Reuters
Photo: Reuters
Published 13 September 2024

လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်က စပိန်တိုက်စစ်ကစားသမား နီကိုဝီလီယံစ် ဘီလ်ဘာအိုအသင်းတွင် ဆက်ရှိ၍ ပျော်ရွှင်မိသည်ဟု ပြောကြားခဲ့သည်။ 

နီကိုဝီလီယံစ်သည် ဘီလ်ဘာအိုအသင်းတွင် ခြေစွမ်းပြနေသလို၊ ယူရို-၂၀၂၄ ပြိုင်ပွဲ တွင်လည်း ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ဘာစီလိုနာအသင်းက ၎င်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ 

နီကိုဝီလီယံစ်၏အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့သည့်အတွက် တီဘက်စ်က ပျော်ရွှင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

နီကိုဝီလျံစ်အနေဖြင့် ထိပ်သီး အသင်းတစ်သင်းသို့ မပြောင်းရွှေ့ဘဲ ဘီလ်ဘာအိုတွင် ဆက်ရှိခဲ့သည့်အတွက် အလွန်ပျော်ရွှင်ကြောင်းနှင့် ယင်းအခြေအနေမှာ လာလီဂါအတွက် အပေါင်းလက္ခဏာဆောင်ကြောင်း တီဘက်စ်က ပြောကြားခဲ့သည်။

Most Read

Most Recent