ဗဟိုဘဏ်က စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာ ၃၅၂၉ ကျပ်ဖြင့် ၁၃ ဒသမ ၁၆ သန်းကျော်နှင့် ယွမ် ၁ ဒသမ ၈ သန်းကျော် ထုတ်ရောင်း

ဗဟိုဘဏ်က စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာ ၃၅၂၉ ကျပ်ဖြင့် ၁၃ ဒသမ ၁၆ သန်းကျော်နှင့် ယွမ် ၁ ဒသမ ၈ သန်းကျော် ထုတ်ရောင်း
Published 1 October 2024

ဗဟိုဘဏ်က စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာ ၃၅၂၉ ကျပ်ဖြင့် ၁၃ ဒသမ ၁၆ သန်းကျော်နှင့် ယွမ် ၁ ဒသမ ၈ သန်းကျော် ထုတ်ရောင်းခဲ့သည်။  

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေး စျေးကွက်အတွင်း စက်တင်ဘာ ၃၀ ရက်တွင် တစ်ဒေါ်လာ၃၅၂၉ ကျပ်ဖြင့် ဒေါ်လာ ၁၃ ဒသမ ၁၆ သန်းကျော်နှင့် ယွမ် ၁၈၂၅၀၉၁ ဒသမ ၁၇၊ စက်တင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာ ၃၅၂၈ ကျပ်ဖြင့် ဒေါ်လာ ၈၄၁၇၀၊ စက်တင်ဘာ ၂၆ ရက်တွင် တစ်ဒေါ်လာ ၃၅၂၄ ကျပ်ဖြင့် ဒေါ်လာ ၄၀၀၀၀၊  စက်တင်ဘာ ၂၅ ရက်တွင် တစ်ဒေါ်လာ ၃၅၂၄ ကျပ်ဖြင့် ဒေါ်လာ ၁၃ သန်းနီးပါး (၁၂၈၉၉၄၂၇ ဒသမ ၅၀)နှင့် ယွမ်ခုနစ်သိန်း၊ စက်တင်ဘာ ၂၃ ရက်တွင် တစ်ဒေါ်လာ ၃၅၂၀ ကျပ်ဖြင့် ဒေါ်လာ ၂၃ သန်းနီးပါး (၂၂၆၄၉၅၇၃ ဒသမ ၁၈)၊ စက်တင်ဘာ ၂၀ ရက်တွင် တစ်ဒေါ်လာ ၃၅၁၉ ကျပ်ဖြင့် ဒေါ်လာ ၁ ဒသမ ၂၈ သန်းကျော်နှင့် ယွမ် ရှစ်သိန်း ထုတ်ရောင်းထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက် (FX Trading Platform) တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၃၀ ရောင်းချပေးခဲ့သည်။

စက်တင်ဘာ ၁၉ တွင် ဗဟိုဘဏ်က FX Market Online Trading Platform တွင် ဒေါ်လာ ၈ ဒသမ ၅ သန်းကျော် (၈၅၁၈၀၇၂ ဒသမ ၂၉ )နှင့်ထိုင်းဘတ်နှစ်သန်းကျော် (၂၀၅၂၀၄၇ ဒသမ ၈၇)၊ စက်တင်ဘာ ၁၈ တွင် ထိုင်းဘတ်သုံးသန်းကျော် ထုတ်ရောင်းခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာ ၁၈ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း FX Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များအား ထိုင်းဘတ် ၁၀ သန်း ရောင်းချပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၁၈ ရက် FX Market Online Trading Platform တွင် ဘတ် သုံးသန်းကျော် (၃၂၅၄၀၁၇ ဒသမ ၂၇) ရောင်းချပေးခဲ့သည်။

စက်တင်ဘာ ၁၇ ရက်တွင် တစ်ဒေါ်လာ လျှင် ၃၅၁၂ ကျပ်ဖြင့် ဒေါ်လာ ၃၀၀၀၀ ထပ်မံထုတ်ရောင်းခဲ့သည်။

စက်တင်ဘာ ၁၆ တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၃၅၁၁ ကျပ်ဖြင့် ဒေါ်လာ ငါးသန်းထပ်မံထုတ်ရောင်းခဲ့သည်။

Most Read

Most Recent