■ ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 27 September 2024

နယူးကာဆယ် - မန်စီးတီး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ညနေ ၆:၀၀ နာရီ)

စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားမယ့် ဒီပွဲက ပွဲကြီးပွဲကောင်းဖြစ်လာနိုင်တယ်။ မန်စီးတီးက ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ အသင်းဖြစ်တယ်။ ဒီပွဲက တကယ့်စိန်ခေါ်မှုဖြစ်လာနိုင်တယ်။ မန်စီးတီးက နယူးကာဆယ်ကွင်းကို ပိုကောင်းတဲ့ အသင်းအဖြစ်လာမှာသေချာတယ်။ နယူးကာဆယ်ကလည်း ဒီရာသီမှာ ပုံစံကောင်းပြနေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်နေတယ်။ ဒါပေမဲ့ ကွင်းလယ်က အရင်လောက်တော့ ကောင်းကောင်းမကစားနိုင်သေးတာတွေ့ရတယ်။ အခုအချိန်မှာ နယူးကာဆယ်ရဲ့ တိုက်စစ်ပိုင်းက အီဆက်ခ်-ဂေါ်ဒွန်-ဟာဗေးဘန်းစ်တို့က မန်စီးတီးအသင်းခံစစ်ကို ထိုးနှက်မှာသေချာတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းရဲ့ လက်ရှိခြေစွမ်းက နယူးကာဆယ်အသင်းကို ကျော်ဖြတ်နိုင်တဲ့ အခြေအနေမှာတော့ ရှိပါတယ်။ မန်စီးတီး (၁-၂) လောက်နဲ့ နိုင်မယ်။ 



အာဆင်နယ် - လက်စတာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၈:၃၀ နာရီ)

ဒီပွဲအတွက်တော့ အာဆင်နယ်အသင်းနိုင်ဖို့က အပြတ်အသန်ရေပန်းစားတယ်။ အာဆင်နယ်က (၅) ပွဲကစားပြီးချိန်မှာ (၃) ပွဲနိုင်၊ သရေ (၂) ပွဲ၊ (၁၁) မှတ်ယူထားတယ်။ လက်စတာက အဆင့် (၁၅) နေရာမှာရောက်နေပြီ ဒီရာသီပထမဆုံးနိုင်ပွဲကို ယူဖို့ ကြိုစားနေရတုန်းပဲ။ အာဆင်နယ်ရဲ့ခံစစ်က အရမ်းတောင့်တင်းလွန်ပြီး ဂိုးသမား ဒေးဗစ်ရာယာလည်း လက်စွမ်းပြနေပါတယ်။ အာဆင်နယ်ပေးဂိုးမရှိဘဲ အနိုင်ယူနိုင်ပါလိမ့်မယ်။ 



ဘရန့်ဖို့ဒ် - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၈:၃၀ နာရီ)

အကြိတ်အနယ်ဖြစ်တဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ များတယ်။ နှစ်သင်းစလုံး လန်ဒန်ကလပ်အသင်းတွေဖြစ်တယ်။ ဘရန့်ဖို့ဒ်က အိမ်ကွင်းမှာ အတော်လေးမာကျောတဲ့အသင်းဆိုတာ သက်သေပြထားနိုင်ပြီး ဒီရာသီအိမ်ကွင်း (၂) ပွဲစလုံးနိုင်ထားတယ်။ ဝက်စ်ဟမ်းနဲ့ တွေ့ ဆုံခဲ့တဲ့ နောက်ဆုံး (၉) ပွဲမှာ (၅) ပွဲနိုင်ထားတာလည်း တွေ့ရတယ်။ အမ်ဘူမိုက ဒီရာသီမှာ (၄) ဂိုးသွင်းထားပြီး တိုနေးကို မေ့ပစ်လိုက်စေတယ်။ ဘရန့်ဖို့ဒ်ကို ကြိုက်တယ်။ 



ချယ်လ်ဆီး - ဘရိုက်တန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၈:၃၀ နာရီ)

ပွဲကောင်းတစ်ပွဲဖြစ်လာမယ်။ ချယ်လ်ဆီးက လက်ရှိ ပရီးမီးယားလိဂ်အဆင့် (၅) နေရာ မှာရပ်တည်နေတယ်။ (၁၀) မှတ်ရထားတယ်။ ခြေစွမ်းရော ရလဒ်တွေပါ ကောင်းနေတယ်။ နိုင်ပွဲဆက်မှုကို ရှာဖွေမယ်။ ဘရိုက်တန်က ဒီရာသီမှာ မရှုံးသေးဘူး။ ဒါပေမဲ့ နောက်ဆုံး (၂) ပွဲ ဆက်သရေကျထားတယ်။ ချယ်လ်ဆီးက အိမ်ကွင်းအားသာချက်အပြင် Solid ပုံစံ ကောင်းလည်း ပြနေတယ်။ ချယ်လ်ဆီးကို ကြိုက်တယ်။ 



အဲဗာတန် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၈:၃၀ နာရီ)

နှစ်သင်းစလုံး ရာသီအစမှာ ရုန်းကန်နေရတယ်။ အဲဗာတန်က ဒီရာသီမှာ တစ်မှတ်ပဲ ရထားပြီး အဆင့် (၁၉) ရောက်နေတယ်။ ပဲလေ့စ်ကလည်း (၃) မှတ်နဲ့ အဆင့် (၁၆) မှာ။ ပဲလေ့စ်က ဒီရာသီမှာ မန်ယူနိုက်တက်၊ ချယ်လ်ဆီးတို့လိုအသင်းတွေကို သရေကစားထားတဲ့ စွမ်း ဆောင်ရည်ကောင်းပေမယ့် နိုင်ပွဲတော့ ဝေးကွာနေတုန်းပဲ။ အဲဗာတန်ကတော့ ရုန်းကန်နေရတဲ့အသင်းပါ။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ပဲလေ့စ်ကို သရေကစားနိုင်တယ်။ 



နော်တင်ဟမ်ဖောရက်စ် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၈:၃၀ နာရီ)

ပွဲကျပ်ပါပဲ။ နှစ်သင်းစလုံး ဒီရာသီမှာ ခြေစွမ်းပြနေတယ်။ ဖောရက်စ်က (၉) မှတ်နဲ့ အဆင့် (၈) ဖြစ်ပြီး ဖူလ်ဟမ်က (၈) မှတ်နဲ့ အဆင့် (၉) မှာရှိနေကြတယ်။ ဖောရက်စ်က ဒီရာသီမှာ ရှုံးပွဲမရှိသေးတာ ချီးကျူးစရာဖြစ်တယ်။ ဒါပေမဲ့ ဒီပွဲမှာ အဓိကကစားသမား ဂစ်ဘ်ဝှိုက် မကစားနိုင်တာကတော့ စိုးရိမ်စရာဖြစ်နိုင်တယ်။ အံ့သြစရာကောင်းတာက ဖောရက်စ်ကွင်း နောက်ဆုံး (၄) ပွဲမှာ ဖူလ်ဟမ်က (၃) ပွဲနိုင်ထားခြင်းဖြစ်တယ်။ သရေပဲ ကျမှာပါ။ 



ဝုလ်ဗ် - လီဗာပူးလ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၈ ရက် ည ၁၁:၀၀ နာရီ)

လီဗာပူးလ်က အပြတ်အသတ် ရေပန်းစားတဲ့အနေအထားပါ။ ဝုလ်ဗ်က ဒီရာသီမှာ တော်တော်အခြေအနေဆိုးနေတယ်။ (၅) ပွဲကစားပြီးချိန်မှာ ရမှတ် (၁) မှတ်နဲ့ ဇယားအောက် ဆုံးရောက်နေတယ်။ ဝုလ်ဗ်နဲ့ နောက်ဆုံး (၁၃) ပွဲမှာလည်း လီဗာပူးလ်က (၁၁) ပွဲနိုင်ထားခဲ့တယ်။ ဝုလ်ဗ်က နိုင်ပွဲလုံးဝမရသေးသလို နယူးကာဆယ်၊ ဗီလာတို့ကိုလည်း ဆက်တိုက် ရှုံးထားတယ်။ ဒီပွဲက လီဗာပူးလ်အတွက်ပါပဲ။ 

Most Read

Most Recent