ထရန့်ကိုလုပ်ကြံရန် ကြိုးပမ်းခဲ့သည့် သေနတ်သမားက ဂေါက်ကွင်းတွင်  ၁၂ နာရီနီးပါး ချောင်းမြောင်းနေခဲ့

ထရန့်ကိုလုပ်ကြံရန် ကြိုးပမ်းခဲ့သည့် သေနတ်သမားက ဂေါက်ကွင်းတွင်  ၁၂ နာရီနီးပါး ချောင်းမြောင်းနေခဲ့
Published 17 September 2024

စက်တင်ဘာ ၁၅ ရက်နေ့လည်ပိုင်းက ဖလော်ရီဒါပြည်နယ်ရှိ ဒေါ်နယ်ထရန့်အပိုင် ဂေါက်ကွင်းတွင် ထရန့်အား လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် သေနတ်သမားရိုင်ယန်ဝက်စလေ ရုသည် ဂေါက်ကွင်းချုံထဲတွင် ၁၂ နာရီနီးပါး ကြာပုန်းပြီး ချောင်းမြောင်းနေခဲ့သည်။

ထိုနေ့  နေ့လည် ၁ နာရီ ၃၁ မိနစ်တွင် သမ္မတဟောင်း ထရန့်က ကျင်းနံပါတ်ငါးတွင်ရှိနေခဲ့ပြီး ရှေ့ တစ်ကျင်း ကျင်းနံပါတ်ခြောက်တွင် လုံခြုံရေး ယူရန်ကြိုရောက်နေသည့် Secret Service လုံခြုံရေးအဖွဲ့မှတစ်ဦးက ချုံထဲမှသေနတ် ပြောင်းထွက်နေသည်ကိုတွေ့ပြီး သေနတ် သမားကို လှမ်းပစ်ခတ်လိုက်သည်။

ထရန့်ကိုလည်း ဘေးလွတ်ရာသို့ခေါ်ဆောင်သွားကြပြီး နောက်တစ်နေ့တွင်ထရန့်က ၎င်းနှင့်မလှမ်း မကမ်းတွင် သေနတ်သံလေးငါးချက်ကြားမိသည်ဟု ပြောခဲ့သည်။

သေနတ်သမားကအ နက်ရောင်နစ်ဆန်းကားနှင့်ထွက်ပြေးသွား သော်လည်း ရဲများကနောက်ဆုံး၌ ဖမ်းမိခဲ့ သည်။

ဖုန်းမှတ်တမ်းများအရ ၎င်းသည်ဂေါက် ကွင်းခြံစည်းရိုးနားတွင် စက်တင်ဘာ ၁၅ ရက် မနက် ၁ နာရီ ၅၉  မိနစ်ကတည်းက ပုန်းခိုနေခဲ့သည်ဟု အာဏာပိုင်များကပြောသည်။

၎င်းင်း ကိုစက်တင်ဘာ ၁၆ ရက်ကရုံးထုတ်ခဲ့ပြီး သေ နတ်ဆိုင်ရာပြစ်မှုများဖြင့် လောလောဆယ် စွဲချက်တင်ထားကာ ဂေါက်ကွင်းဖြစ်စဉ်ကို လုပ်ကြံရန်ကြိုးပမ်းမှုအဖြစ် FBI ကစစ်ဆေးနေဆဲ ဖြစ်သည်။                             

Ref; BBC

Most Read

Most Recent