■ ဘွန်ဒစ်လီဂါပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 14 September 2024

လိုက်ပ်ဇစ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၀၀ နာရီ)

ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ အသင်း(၂)သင်း တွေ့ဆုံကြတာပါ။ လိုက်ပ်ဇစ်အသင်း ကြားရက်မှာ အက်သလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကျပ် ကစားရဖို့ရှိတာ သတိပြုရမယ်။ အူန်ယွန်းဘာလင်နဲ့ပဲ စွန့်စားချင်တယ်။



ဟော်ဖန်ဟင်မ် - လေဗာကူဆင် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၀၀ နာရီ)

လေဗာကူဆင်အသင်းက လိုက်ပ်ဇစ်ကို အိမ်ကွင်းမှာ အရေးနိမ့်ပြီး ဘွန်ဒစ်လီဂါရှုံးပွဲအရသာကို တစ်နှစ်ကျော်ကြာမှ ပြန်မြည်းစမ်းခဲ့ရတယ်။ အခုပွဲမှာလည်း လေဗာကူဆင်အသင်းအပေါ်  ရှုံးပွဲပြန်တွေ့မှုရဲ့ရိုက်ခတ်မှု ရှိလာနိုင်တယ်။ ဟော်ဖန်ဟင်မ်အသင်းကလည်း အိမ်ကွင်းအားက သာမန်ထက်သာ လွန်တဲ့အဆင့်ထဲမှာ ပါဝင်ပါတယ်။ ဂိုးပြတ်မရှုံးနိုင်တဲ့ ဟော်ဖန်ဟင်မ်ပဲ ကြိုက်တယ်။



ဖရိုင်းဘတ် - ဘိုဟုမ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၀၀ နာရီ)

ဖရိုင်းဘတ်အသင်းက အိမ်ကွင်းရာသီအဖွင့်မှာ စတုဂတ်လိုအသင်းကိုတောင် အနိုင်ကစားထားတယ်။ ဖရိုင်းဘတ် အနိုင်သေချာပါတယ်။



ဝုလ်ဖ်ဘတ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၀၀ နာရီ)

(၃)မှတ်စီ ရထားတဲ့အသင်းတွေဖြစ်ပြီး ဝုလ်ဖ်ဘတ်က ဘိုင်ယန်၊ ဖရန့်ဖတ်က ဒေါ့မွန်တို့နဲ့ ဆုံတွေ့ခဲ့လို့ ရှုံးပွဲတွေ့ထားတာပါ။ ဝုလ်ဖ်ဘတ် အမှတ်ရလိမ့်မယ်။



မိုချန်ဂလာဘတ် - စတုဂတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၈:၀၀ နာရီ)

ဒီပွဲပြီးရင် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ကစားရမယ့် စတုဂတ်အသင်း အာရုံစိုက်နိုင်ဖို့ မရှိပါဘူး။ မိုချန်ဘက်ကပဲ ရပ်တည်သင့်တယ်။



ဟော်စတိုင်ကီလ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၄ ရက် ည ၁၁:၀၀ နာရီ)

ဘိုင်ယန်အသင်း ကြားရက်မှာကစားရမယ့် ချန်ပီယံလိဂ်ပွဲက ဒိုင်နမိုဇာဂရက်နဲ့ဖြစ်နေလို့ ဖိအားကင်းနေတယ်။ တန်းတက် ဟော်စတိုင်ကီလ်ကတော့ နှစ်ပွဲစလုံး အရေးနိမ့်ခဲ့တယ်။ ဘိုင်ယန် ဂိုးပြတ်လိမ့်မယ်။

Most Read

Most Recent