အာတီတာ အိပ်လို့မှ ပျော်ပါ့မလား

အာတီတာ အိပ်လို့မှ ပျော်ပါ့မလား
Photos: AFP & X
Photos: AFP & X
Published 14 September 2024
Wai Yan Aung

လိုအပ်တာထက်ပိုပြီး ဖောင်းပွနေတဲ့ ပွဲစဉ်ဇယားက ကစားသမားတွေအတွက် ဒဏ်ရာပြဿနာတွေနဲ့ ပိုပြီးကြုံတွေ့ရနိုင်ခြေရှိကြောင်း နည်းပြတွေ အပါအဝင် ကျွမ်းကျင်သူအတော်များများက ထောက်ပြခဲ့ကြပေမဲ့ ဘောလုံးလောကရဲ့ တာဝန်ရှိသူတွေက အရေးမစိုက်ခဲ့ကြပါဘူး။ ရုပ်သံဝင်ငွေ ပိုရဖို့ပဲ အလေးထားခဲ့ကြပါတယ်။ ဒီတော့ တချို့ကစားသမားတွေ ဓားစာခံ ဖြစ်ခဲ့ရပြီး တချို့ကလပ်အသင်းတွေ စတေးခံကြရပါတယ်။ လောလောလတ်လတ်မြင်တွေ့နေရတာ ကတော့ အာတီတာရဲ့ အာဆင်နယ်အသင်းပါ။ အာတီတာအတွက် ပိုပြီးခေါင်းခဲစရာဖြစ်သွားခဲ့ရတာက ပွဲကျပ်တွေ ဆက်တိုက်ဆင်နွှဲရမယ့် အချိန်ကာလဖြစ်နေတာနဲ့ ဒဏ်ရာပြဿနာအပြင် ပွဲပယ်ပြဿနာလည်း ရှိနေတာပါ။ အော်ဒီဂွါနည်းတူ အသင်းရဲ့ အမာခံကွင်းလယ်ကစားသမားအဖြစ် ရပ်တည်နေတဲ့ ဒက်ကလန်ရိုက်စ်ကလည်း ပွဲပယ်ပြစ်ဒဏ် ကျခံထားရပါတယ်။ ဒါကြောင့်လည်း စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် လန်ဒန်ဒါဘီ အဝေးကွင်းပွဲမှာ အာဆင်နယ်အသင်း ဒုက္ခရောက်တော့မယ်လို့ ထင်ကြေးပေးခံနေရပါတယ်။ စပါးရဲ့ နောက်မှာ စောင့်ကြိုနေတဲ့ ပြိုင်ဘက်တွေကလည်း အတ္တလန်တာနဲ့ မန်စီးတီး။ ပြီးတော့ ၂၁ ရက်အတွင်း ပြိုင်ပွဲစုံ ၇ ပွဲ ကစားရမယ့် အခြေအနေ။ အာတီတာ အိပ်လို့မှ ပျော်ပါ့မလား။

 

Most Read

Most Recent