White Heart မဟုတ်တဲ့ Dark Heart တွေ အကြောင်း

White Heart မဟုတ်တဲ့ Dark Heart တွေ အကြောင်း
Photos: X
Photos: X
Published 11 September 2024
AK

ဦးခေါင်းခွံနဲ့ Crossbones သင်္ကေတတွေ၊ အာဏာဖီဆန်လိုစိတ်တွေဟာ ဆန့်ပေါ်လီရဲ့ ယဉ်ကျေးမှုပါပဲ။ ၁၉၈၁ ခုနှစ်မှာ ဆန့်ပေါ်လီဒေသ၊  Hafenstrasse ကို ကျောင်းသားတွေ၊ ပန့်ခ်တွေနဲ့ တက်ကြွလှုပ်ရှားသူအများစု ရောက်လာကြတယ်။ မူလနေထိုင်သူတွေနဲ့ သူတို့ကြား ဆယ်စုနှစ်တစ်ခုကြာ ပဋိပက္ခတွေ ဖြစ်ခဲ့ဖူးတယ်။ ရှေးရိုးဆန်မှုနဲ့ ဆန်းသစ်တော်လှန်လိုစိတ်စီးချင်းထိုးခဲ့ကြတယ်။ မူလနေထိုင်သူတွေဟာ ပန့်ခ်တွေနဲ့တက်ကြွလှုပ်ရှားသူတွေကို ကျူးကျော်သူတွေအဖြစ် တံဆိပ်ကပ်ခဲ့ပါတယ်။ ဒေသခံရဲတပ်ဖွဲ့ကလည်း အင်အားသုံးနှိမ်နင်းခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်နှောင်းပိုင်းမှာ ဆန့်ပေါ်လီအသင်းကို အားပေးလာတဲ့ ပန့်ခ်ဂီတ ရူးသွပ်သူ ဒေါ့မာဘူဆီက တစ်ရက်တော့ ကွင်းထဲကို အရိုးခေါင်းကြီး တုတ်မှာကပ်ပြီး ကွင်းထဲ ယူသွားခဲ့တယ်။ အဲဒီအချိန်ကစလို့ အရိုးခေါင်းဟာ ဆန့်ပေါ်လီရဲ့ သင်္ကေတဖြစ်လာခဲ့တာပါပဲ။ ဆန့်ပေါ်လီကွင်းထဲက ခံစားချက်ဟာ ဒေသခံရှေးရိုးစွဲတွေကို ပုန်ကန်တော်လှန်ဖို့အတွက် စွမ်းအင်ဖြစ်ခဲ့တယ်။ လက်ဝဲလှုပ်ရှားမှုတွေပိုမိုအားကောင်းလာပြီး ယို့ယွင်းနေတဲ့ လူမှုအသိုက်အမြုံကို အသွင်သစ်စေခဲ့ပါတယ်။

 

Most Read

Most Recent