ကျောက်ဆည်မြို့တွင် ဇော်ဂျီမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်အချို့တွင် ရေဝင်ရောက်မှုဖြစ်ပွား

ကျောက်ဆည်မြို့တွင် ဇော်ဂျီမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်အချို့တွင် ရေဝင်ရောက်မှုဖြစ်ပွား
Published 11 September 2024

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ဇော်ဂျီမြစ်ရေ မြင့်တက်မှုကြောင့်  ရပ်ကွက်အချို့တွင် စက်တင်ဘာ ၁၀ ရက် ညနေ ၄ နာရီ ခန့်က ရေဝင်ရောက်မှုဖြစ်ပွားနေကြောင်း ကျောက်ဆည်မြို့ခံများထံမှ သတင်းရရှိပါသည်။

"အချို့ရပ်ကွက်တွေကတော့ ရေနည်းနည်း စဝင်နေပါပြီ။ လက်ရှိကတော့ စောင့်ကြည့်နေရတဲ့ အခြေအနေမှာတော့ရှိပါတယ်။ အရမ်းတော့မဆိုးသေးပါဘူး။ ကမ်းစပီးပြည့်နေပါပီ ရပ်ကွက်တိုင်းကအားလုံး စောင့်ကြည့်နေပါဆဲပါ။ ည ၁၂ လောက်အထိ တစ်မြို့လုံးအတိုင်းတာ စောင့်ကြည့်ရအုံးမှာပါ" ဟု  ကျောက်ဆည် မြို့ခံတစ်ဦးက ပြောကြားသည်။

ရေဝင်ရောက်မှု များပြားလာပါက ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ရေဘေးရှောင်စခန်းများ စီစဉ်ထားရှိပြီးဖြစ်ကြောင်း နှင့် သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ် ရွှေ့ပြောင်းနိုင်ကြောင်း သိရသည်။

သတင်း - သက်ထွန်းအောင်

ဓာတ်ပုံ-Flint

Most Read

Most Recent