နာကျင်မှုတွေအလွန် မျှော်လင့်ခြင်းဂျာမနီ

နာကျင်မှုတွေအလွန် မျှော်လင့်ခြင်းဂျာမနီ
Photo : AFP
Photo : AFP
Published 9 September 2024
Phoe Thar

၂၀၂၄-၂၅ ရာသီ UEFA Nations League ပြိုင်ပွဲကို လိဂ်အလိုက်အုပ်စုအဆင့်ပွဲစဉ်တွေနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာစတင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အုပ်စုပွဲစဉ် (၂)နဲ့အတူ ပြိုင်ပွဲရဲ့ဇာတ်ရှိန်ပို မြင့်လာချိန်လို့ဆိုရမှာပါ။ Nations League ပြိုင်ပွဲဟာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ပုံရိပ်နဲ့ငွေကြေးအတွက် အသုံးချခံပြိုင်ပွဲတစ်ခုသာဖြစ်တယ်ဆိုတဲ့ ဝေဖန်စွပ်စွဲချက်တွေနဲ့အတူ ခြေစမ်းပွဲ သာသာအဆင့်အတန်းမျိုးသာဖြစ်ပေမယ့် ပြိုင်ပွဲရဲ့ ဆုကြေး၊ ဆုဖလားကိုင်မြှောက်ခွင့်ရမယ့် ဂုဏ်သိက္ခာတွေနဲ့အတူ ထိပ်တန်းလက်ရွေးစင်အသင်းကြီးတွေအများစုအားပြိုင်နေတဲ့ League (A) အပေါ်တော့ ပရိသတ်စိတ်ဝင်စားမှုမြင့်နေတာအမှန်ပါပဲ။

 

Most Read

Most Recent