မိတ်ဆွေအရင်းအချာများကို ဆော်ဒီသို့ လာရောက်လည်ပတ်ရန် အီဗန်တိုနေး ဖိတ်ခေါ်ခဲ့ပြီး လေယာဉ်ခ ကျခံပေးမည်ဟု ဆို

မိတ်ဆွေအရင်းအချာများကို ဆော်ဒီသို့ လာရောက်လည်ပတ်ရန် အီဗန်တိုနေး ဖိတ်ခေါ်ခဲ့ပြီး လေယာဉ်ခ ကျခံပေးမည်ဟု ဆို
Photo: Football Factly
Photo: Football Factly
Published 9 September 2024

ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ခဲ့သည့် အင်္ဂလန်တိုက်စစ်မှူး အီဗန်တိုနေးက ၎င်း၏ မိတ်ဆွေအရင်းအချာများကို ဆော်ဒီသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပြီး လေယာဉ်ခ ကျခံပေးမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။

အီဗန်တိုနေး(၂၈ နှစ်)သည် ဘရန့်ဖို့ဒ်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများထံ ရောက်ရှိလိမ့်မည်ဟု ထင်ကြေးပေးခံခဲ့ရသော်လည်း မထင်မှတ်ဘဲ ဆော်ဒီကလပ် အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

၎င်းသည် ဘရန့်ဖို့ဒ်အသင်းတွင် တစ်ပတ်ပေါင်(၅၀၀၀၀)ဝန်းကျင်သာရရှိခဲ့ပြီး အယ်လ်အာလီအသင်းတွင် တစ်ပတ်ပေါင်(၄၀၀၀၀၀) ရရှိမည်ဖြစ်သည်။

ထို့ကြောင့် ၎င်းက မိတ်ဆွေများအား အကုန်အကျခံ၍ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

'' လေယာဉ်အတွက် ငါ့တာဝန်ထားပါ။ ဘာမှ စိတ်မပူပါနဲ့။ ငါတို့ ပျော်ရွှင်ကြမယ်''ဟု အီဗန်တိုနေးက ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

အီဗန်တိုနေးသည် အယ်လ်အာလီအသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent