■ အာဆင်နယ်အသင်း အကောင်းဆုံးရင်းနှီးမြှုပ်နှံနိုင်ခဲ့သည်ဟု အန်ဒီကိုးလ် သုံးသပ်

■ အာဆင်နယ်အသင်း အကောင်းဆုံးရင်းနှီးမြှုပ်နှံနိုင်ခဲ့သည်ဟု အန်ဒီကိုးလ် သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 6 September 2024

မန်ယူအသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သည့် အန်ဒီကိုးလ်က ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ပရီးမီးယားလိဂ်ကလပ်အသင်းများထဲ၌ အာဆင်နယ်အသင်း၏ လှုပ်ရှားမှုမှာ အကောင်းဆုံးဖြစ်ပြီး အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ခဲ့သည်ဟု သုံးသပ်ခဲ့သည်။

    

အာဆင်နယ်အသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘိုလော့ဂ်နာအသင်းမှ အီတလီနောက်ခံလူ ကာလာဖီအိုရီနှင့် ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်ကစားသမား မယ်ရီနိုတို့ကို ခေါ်ယူခဲ့ပြီး ပြီးခဲ့သည့်ရာသီက အငှားခေါ်ယူခဲ့သည့် ဘရန့်ဖို့ဒ်အသင်းမှ စပိန်ဂိုးသမား ရာယာကိုလည်း အပြီးသတ်ခေါ်ယူခဲ့သည်။ 

ထို့ပြင် ဘုန်းမောက်အသင်းမှ ဘရာဇီးလ်ဂိုးသမား နေတိုနှင့် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်တောင်ပံကစားသမား စတာလင်တို့ကို အငှားဖြင့် ခေါ်ယူခဲ့ပြီး စုစုပေါင်းအပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း (၁၀၀)ကျော် အသုံးပြုခဲ့သည်။ 

အန်ဒီကိုးလ်က အာဆင်နယ်အသင်း၏ အပြောင်းအရွှေ့လှုပ်ရှားမှုများမှာ အသင်းကို ပိုမိုအင်အားတောင့်တင်းစေကြောင်းနှင့် စတာလင်ကို ခေါ်ယူနိုင်ခဲ့ခြင်းမှာ ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟု သုံးသပ်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၃) အပြီးတွင် ရှုံးပွဲမရှိသေးဘဲ (၂) ပွဲနိုင်၊ (၁) ပွဲသရေ၊ ရမှတ် (၇) မှတ်ဖြင့် အဆင့် (၄) နေရာ ရပ်တည်နေသည်။ 

အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ မန်စီးတီးအသင်းပြီးနောက် ချန်ပီယံဆုကို ရယူရန် ဒုတိယရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ 

Most Read

Most Recent