အစ္စရေးသို့ စစ်လက်နက်တင်ပို့မှုအချို့ကို ဗြိတိန် ဆိုင်းငံ့

အစ္စရေးသို့ စစ်လက်နက်တင်ပို့မှုအချို့ကို ဗြိတိန် ဆိုင်းငံ့
Published 3 September 2024

အစ္စရေးသို့ စစ်လက်နက်တင်ပို့ခွင့်ပြုထားသည့် လိုင်စင် ၃၅၀ ရှိသည့်အနက် ၃၀ ခန့်ကို ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဒေးဗစ်လမ်မီက စက်တင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။

စစ်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းများကို  တင်ပို့မှုဆိုင်းငံ့လိုက်ခြင်းဖြစ်ပြီး လက်နက်ကုန်သွယ်မှုကို အလုံးစုံတားမြစ်လိုက်ခြင်း မဟုတ်သေးဟု မစ္စတာလမ်မီကဆိုသည်။ အစ္စရေးသို့တင်ပို့သည့် စစ်လက်နက်များအား  နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြင်းထန်စွာချိုးဖောက်သည့်အခါ များတွင်သုံးခြင်းမျိုး ဖြစ်သွားနိုင်ကြောင်း၊အစ္စရေးသို့ ဗြိတိန်၏လက်နက်တင်ပို့မှုသည် တစ် ရာခိုင်နှုန်းပင်မရှိသည့်အတွက် အစ္စရေးလုံခြုံရေးအပေါ်သိသိသာသာ ထိခိုက်စေမည်မဟုတ်ကြောင်းနှင့် ဗြိတိန်က အစ္စရေး၏ကိုယ်ပိုင်ကာကွယ်ခွင့်ကို ဆက်ထောက်ခံကြောင်းလည်းပြောကြားသည်။

အစ္စရေးသို့ လက်နက်အများဆုံးရောင်းပေးနေသည့်နိုင်ငံက အမေရိကန်ဖြစ်ပြီး ဒုတိယကဂျာမနီဖြစ်သည်။အစ္စ ရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ်ကမူ ဗြိတိန်၏ဆုံးဖြတ်ချက်သည် ဟားမာ့စ်နှင့်အီရန်ကို အလွန်ပြဿနာရှိသည့်အဓိပ္ပါယ်မျိုးပေးနေသည်ဟု ဝေဖန်ခဲ့ပြီး အစ္စရေးသည်နိုင် ငံတကာ ဥပဒေလမ်းကြောင်းပေါ်တွင်သွားနေကြောင်း၊ နှစ်နိုင်ငံကြားရင်းနှီးမှု ဆက်လက်ခိုင်မြဲနေရန်မျှော်လင့်ကြောင်း တုံ့ပြန်ခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးယိုအက်ဂဲလန့်ကလည်း ဓားစာခံခြောက်ဦးသေဆုံးသည့်ကိစ္စဖြင့် နိုင်ငံပူဆွေးနေချိန် ဗြိတိန်၏ဆုုံးဖြတ်ချက်ကြောင့်စိတ်ပျက်အားလျော့မိသည်ဟု X တွင် ရေးသားခဲ့သည်။                        

Ref: Reuters

 

Most Read

Most Recent