ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : AFP
Photo : AFP
Published 1 September 2024

ဘွန်ဒစ်လီဂါ

ဘိုင်ယန်မြူးနစ် နှင့် ဖရိုင်းဘတ်


ဘိုင်ယန်မြူးနစ်အသင်းက ရာသီအဖွင့်မှာ ဝုလ်ဖ်ဘတ်ကို အနိုင်ရဖို့ အသည်းအသန်ကစားလိုက်ရတယ်။ နည်းပြ ကွန်ပနီရဲ့အသင်းက အားနည်းချက်တွေ ရှိနေပေမဲ့ ကျေနပ်စရာရလဒ်ပိုင်းရအောင် စွမ်းဆောင်ထားခဲ့တယ်။ ဟာရီကိန်းဘွန်ဒစ်လီဂါအဖွင့်ဂိုး သွင်းယူနိုင်မလား စောင့်ကြည့်ရမှာပါ။ ဖရိုင်းဘတ်ကလည်း အဖွင့်လှထားတယ်။ ဘိုင်ယန် (၃)ဂိုး မပြတ်လောက်ဘူး။

ဟိုင်းဟိုင် နှင့် အော့စ်ဘတ်

ဟိုင်းဟိုင်အသင်း ပြီးခဲ့တဲ့ရာသီက ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ဆဲပါပဲ။ ဥရောပပွဲရှိပေမဲ့ ဟိုင်းဟိုင် အမှတ်ယူလိမ့်ဦးမယ်။

ပြင်သစ်လီဂူး

လိုင်လီ နှင့် PSG


နှစ်သင်းစလုံးရာသီအဖွင့်မှာ ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ ပုံစံကောင်းပြနေတယ်။ PSG က လီဂူးပွဲစဉ် (၂)ပွဲကစားပြီးချိန်မှာ သွင်းဂိုး (၁၀)ဂိုးအထိသွင်းယူထားနိုင်သလို၊ လိုင်လီအသင်းကလည်း (၂)ပွဲကစားပြီးချိန်မှာ ဂိုးလုံးဝခွင့်မပြုရတဲ့အထိ ခံစစ်မာကျောမှုကိုပြသထားတယ်။ ဒါကြောင့် ဒီပွဲရဲ့အဓိကအဖြေဖြစ်လာမှာက PSG တိုက်စစ်ကို လိုင်လီခံစစ်ဘယ်လောက်ထိတောင့်ခံနိုင်မလဲဆိုတာပါပဲ။ လိုင်လီတို့အိမ်ကွင်းအားနဲ့ အမှတ်ရဖို့ ကြိုးစားလာနိုင်ပေမယ့် ကစားသမားအင်အားပိုသာပြီး တိုက်စစ်ပိုကောင်းတဲ့ PSG ပဲနိုင်ပွဲဆက်ဦးမှာပါ။ ဂိုးလည်းများသွားနိုင်တယ်။

မိုနာကို နှင့် လန်းစ်

နှစ်သင်းစလုံးရာနှုန်းပြည့်နိုင်ပွဲရထားပြီး ယုံကြည်မှုမြင့်မားနေသလို ပေးဂိုးမရှိစွမ်းဆောင်ရည်နဲ့ ခံစစ်မာကျောမှုကိုပြသထားတယ်။ ဒါကြောင့်အခုပွဲလည်း မိုနာကိုအိမ်ကွင်းဆိုပေမယ့်လန်းစ်ရဲ့ တည်ငြိမ်မှုကိုလျှော့တွက်လို့မရပါဘူး။ အထူးသဖြင့် လန်းစ်ရဲ့ ကွင်းမရွေးမာကျောမှုက မိုနာကိုအတွက် ဖိအားဖြစ်စေမှာပါ။ သရေကျဖို့များပြီး မိုနာကိုနိုင်ရင်တောင် ကပ်နိုင်ပဲဖြစ်မယ်။

အန်ဂါစ် နှင့် နိုက်စ်

နှစ်သင်းစလုံးနိုင်ပွဲမရသေးဘဲ ဇယားအောက်ခြေနားမှာ ရုန်းကန်နေကြတယ်။ အန်ဂါစ်က (၂)ပွဲစလုံးရှုံးနိမ့်ထားသလို သွင်းဂိုးလည်းမရသေးတဲ့အထိ အခြေအနေဆိုးနေတာပါ။ သရေရလဒ်နဲ့ အမှတ်ခွဲယူသွားဖို့များတယ်။

လူအယ်ဗာ နှင့် အော်ဇေး

အမှတ်ပေးဇယားအထက်အောက်ရပ်တည်နေတဲ့အသင်း (၂)သင်းဖြစ်ပြီး ခြေစွမ်းအရလည်းကွာခြားမှုမရှိပါဘူး။ အိမ်ကွင်းမာတဲ့ လူအယ်ဗာအနိမ့်ဆုံးသရေပါပဲ။

Reims နှင့် ရန်းစ်

နိုင်ပွဲပျောက်နေတဲ့ Reims တို့အိမ်ကွင်းမှာ အခွင့်အရေး ယူနိုင်မလားစောင့်ကြည့်ရမယ်။ ရန်းစ်က အဝေးကွင်းအားပျော့ တဲ့အသင်းပါ။ Reims အနိမ့်ဆုံးသရေပါပဲ။

Most Read

Most Recent