■ လီဗာပူးလ်တွင် ထိပ်တန်းတိုက်စစ်ကစားသမားများနှင့်အပြိုင် ပွဲထွက်ခွင့်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ကစားသမားသစ် ခီယေဆာ ပြောကြား     

■ လီဗာပူးလ်တွင် ထိပ်တန်းတိုက်စစ်ကစားသမားများနှင့်အပြိုင် ပွဲထွက်ခွင့်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ကစားသမားသစ် ခီယေဆာ ပြောကြား     
Photo: Liverpool FC
Photo: Liverpool FC
Published 30 August 2024

လီဗာပူးလ်တိုက်စစ်ကစားသမားသစ် ခီယေဆာက မိမိအနေဖြင့် အသင်း၏ထိပ်တန်းတိုက်စစ်ကစားသမားများနှင့်အပြိုင် ပွဲထွက်ခွင့်ရရန် အစွမ်းကုန်ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ 

    

လီဗာပူးလ်အသင်းသည် ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ်အသင်းမှ အီတလီလက်ရွေးစင်တိုက်စစ်ကစားသမား ခီယေဆာအား Add-ons ကြေးများ အပါအဝင် ပေါင် (၁၂.၅) သန်းဖြင့် ခေါ်ယူခဲ့သည်။ 

လီဗာပူးလ်အသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့သည့် ခီယေဆာအနေဖြင့် လီဗာပူးလ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ရဖွယ်ရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။ 

လီဗာပူးလ်အသင်း၏ တိုက်စစ်တွင် ဆာလာ၊ ဒီယက်ဇ်၊ ဂျိုတာ၊ ဒါဝင်နူးနက်ဇ်နှင့် ဂတ်ပိုတို့ ရှိနေရာ ခီယေဆာအနေဖြင့် ပွဲထွက်ကစားခွင့်ရန်အတွက် အဆိုပါကစားသမားများနှင့် တိုက်ပွဲဝင်ရမည် ဖြစ်သည်။ 

    

သို့သော် ခီယေဆာက ၎င်းင်းအနေဖြင့် လီဗာပူးလ်အသင်းတွင် ပွဲထွက်ကစားခွင့်ရရန်အတွက် ထိပ်တန်းတိုက်စစ်ကစားသမားများနှင့် ယှဉ်ပြိုင်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"လီဗာပူးလ်အသင်းဟာ ထိပ်တန်းအသင်းကြီးတစ်သင်း ဖြစ်လို့ ပွဲထွက်ကစားခွင့်ရဖို့အတွက် နေရာတိုင်းမှာ ပြိုင်ဆိုင်မှုတွေ ရှိပါတယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ ပွဲထွက်ကစားခွင့်ရဖို့အတွက်တိုက်ပွဲဝင်ရမယ်ဆိုတာကို သိထားပြီးသားပါ။ လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှာ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်၊ ဒါဝင်နူးနက်ဇ်နဲ့ ဂတ်ပိုတို့ ရှိနေပြီး ကျွန်တော့်အနေနဲ့ ပွဲထွက်ခွင့်ရဖို့အတွက် သူတို့နဲ့ ယှဉ်ပြိုင်ရမယ်။ သူတို့ ဘာလုပ်နိုင်တယ်ဆိုတာကို ကျွန်တော် သိသလို ကျွန်တော် ဘာတွေလုပ်ပြနိုင်တယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ကျွန်တော့်အနေနဲ့ လီဗာပူးလ်အတွက် အကောင်းဆုံးကြိုးစားသွားမှာဖြစ်သလို အသင်းပရိသတ်တွေအတွက်လည်း အကောင်းဆုံးကြိုးစားသွားမှာပါ"ဟု ၎င်းက ပြောကြားသည်။ 

    

ခီယေဆာသည် လီဗာပူးလ်အသင်းတွင် ကျောနံပါတ် ၁၄ ကို ဝတ်ဆင်ကစားမည်ဖြစ်သည်။ 

Most Read

Most Recent