■ ယနေ့ည ယှဉ်ပြိုင်ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ည ယှဉ်ပြိုင်ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 30 August 2024

■ စီးရီးအေပွဲစဉ် (၃)  ပွဲကြိုသုံးသပ်ချက် 

ဗင်နီဇီယာ - တိုရီနို (မြန်မာစံတော်ချိန် သြဂုတ်လ ၃၀ ရက် ည ၁၁:၀၀ နာရီ)

တိုရီနိုက ရာသီအစမှာတင် အေစီမီလန်၊ အတ္တလန်တာတို့လိုအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ (၄)မှတ်ရယူနိုင်ခဲ့တယ်။ ဗင်နီဇီယာကလည်း နောက်ဆုံးကစားခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ပွဲမှာ ပုံစံကောင်းတစ်ခုပြနိုင်ခဲ့တယ်။ အိမ်ရှင် (၁)မှတ်မျှော်လင့်ခွင့်ရှိတယ်။



အင်တာမီလန် - အတ္တလန်တာ (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် နံနက် ၁:၁၅ နာရီ)

အတ္တလန်တာက စီးရီးအေအဖွင့်ပွဲစဉ်တွေမှာတင် အဝေးကွင်း(၃)ပွဲဆက် ကစားရမယ်။ နောက်ဆုံးကစားခဲ့တဲ့ တိုရီနိုနဲ့ပွဲမှာတော့ အတ္တလန်တာ ခံစစ်ရဲ့အားနည်းချက်တွေ မြင်ခဲ့ရတယ်။ ဒါပေမဲ့ တိုက်စစ်မှူးသစ် ရေတယ်ဂီ ပုံစံကောင်းပြနေတာကတော့ ကျေနပ်စရာဖြစ်တယ်။ အင်တာမီလန်က ပွဲဦးထွက်မှာ အမှတ်လေလွင့်မှုရှိခဲ့ပေမဲ့ အိမ်ကွင်းမှာ နိုင်ပွဲပြန်ယူနိုင်ခဲ့တယ်။ မားကပ်စ်သူရမ်က ဒီရာသီမှာ ပိုအားထားရမယ့် ပုံစံမျိုးပြနေတယ်။ အိမ်ကွင်းလည်း ဖြစ်လို့ အင်တာမီလန်နိုင်ပွဲဆက်ဖို့ရှိပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။



■ ဘွန်ဒစ်လီဂါပွဲစဉ် (၂)  ပွဲကြိုသုံးသပ်ချက် 

အူန်ယွန်းဘာလင် - ဆန့်ပေါ်လီ (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် နံနက် ၁:၀၀ နာရီ)

တန်းတက်ကလပ် ဆန့်ပေါ်လီအသင်း တာအထွက်မှာ အရှုံးနဲ့ စထွက်ထားတယ်။ ဒီပွဲလည်း အူန်ယွန်းဘာလင်ကို ထပ်ရှုံးဦးမယ်ထင်တယ်။

■ ပြင်သစ်လီဂူးပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

လိုင်ယွန် - စထရာဘိုး (မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် နံနက် ၁:၁၅ နာရီ)

လိုင်ယွန်က (၂)ပွဲစလုံးရှုံးထားပြီး ရာသီအစမှာအထလေးနေတာတွေ့ရတယ်။ စထရာဘိုးကတော့ ခြေစွမ်းတည်ငြိမ်နေပြီး တိုက်စစ်ပိုင်းကဂိုးတွေပိုရအောင်ကစားလာနိုင်ပါတယ်။ လိုင်ယွန် အိမ်ကွင်းဆိုပေမယ့် စထရာဘိုး အမှတ်မျှော်လင့်နိုင်မှာပါ။

Most Read

Most Recent