ထိုင်းနိုင်ငံ ဖူးခက်တွင် မြန်မာလုပ်သားနှင့် ထိုင်းလုပ်သားစကားများရာမှ ဓားထိုးခံရပြီး မြန်မာလုပ်သားသေဆုံး

ထိုင်းနိုင်ငံ ဖူးခက်တွင် မြန်မာလုပ်သားနှင့် ထိုင်းလုပ်သားစကားများရာမှ ဓားထိုးခံရပြီး မြန်မာလုပ်သားသေဆုံး
Published 28 August 2024

ထိုင်းနိုင်ငံ ဖူးခက်ခရိုင် စီစွန်ထောကျေးရွာ ဘန့်မာ့နိက်အိမ်ယာ စီစွန်ထောလမ်းတွင် ဩဂုတ် ၂၈ ရက် ည ၁၁ နာရီခန့်က မြန်မာလုပ်သားနှင့် ထိုင်းလုပ်သားစကားများရာမှ ဓားထိုးခံရပြီး မြန်မာလုပ်သားသေဆုံကြောင်း သိရသည်။

ဖူးခက်ခရိုင် စီစွန်ထောလမ်း  အလုပ်သမားများနေထိုင်သည့် တန်းလျားတွင်နေထိုင်သူ မြန်မာလုပ်သားနှင့် ထိုင်းနိုင်ငံသား အလုပ်သမားတို့သည် ည ၁၁ နာရီခန့်အချိန်တ့င် စကားများကြရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်၊။

ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူ မြန်မာနိုင်ငံသားအား ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့မှစစ်ဆေးရာတွင် သေဆုံးသူမြန်မာအလုပ်သမား၏ ချစ်သူနှင့် ထိုင်းအလုပ်သမားပတ်သက်မှုရှိသည်ဟုဆ်ိုကာ စကားများရန်ဖြစ်ထိုးကြိတ်ခဲ့ကြရာ ထိုင်းအလုပ်သမား နိုင်ကိမ်က မြန်မာအလုပ်သမားကို ဓားဖြင့် ထိုးလိုက်သဖြင့် ဖူကတ်မြို့ ဝချီရဆေးရုံပို့ဆောင်သော်လည်း  ဒဏ်ရာပြင်းထန်သည့်အတွက် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

ပြစ်မှုကျူးလွန်သူ ထိုင်းလူမျိုး နိုင်ကိမ်သည် ဖူကတ်မြို့ထဲသို့ ရှောင်ထွက်ပြေးသွားကြောင်း၊ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီရမိရေးအတွက် ရဲတပ်ဖွဲ့မှုစုံစမ်းလျက်ရှိကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။

Most Read

Most Recent