မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ သံသယရှိသူ ငါးသောင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ထုတ်ပြန်

မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ သံသယရှိသူ ငါးသောင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ထုတ်ပြန်
Published 27 August 2024

မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ သံသယရှိသူ ငါးသောင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးက ကျင်းပသည့် သတင်းစာရှင်း လင်းပွဲတွင် အထက်ပါအချက်ကို ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးသည့်နှစ်များအတွင်း တရုတ်ပြည်သူ့လုံခြုံရေးဌာနများသည် နိုင်ငံတကာ လုံခြုံ ရေးဆိုင်ရာ အဆိုပြုချက်ကို တက်ကြွစွာ အကောင်အထည်ဖော်ဆောင်ပြီး နိုင်ငံအသီးသီးတို့မှ တရားဥပဒေ စိုးမိုးရေးဌာနများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ကာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို နိုင်ငံခြား တရားဥပဒေ စိုးမိုးရေးဌာနများနှင့် တည်ထောင်သည့်အပြင် နိုင်ငံဖြတ်ကျော် ပြစ်မှုများကို ပူးတွဲ တိုက်ဖျက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနသည် ဆက်သွယ် ရေးလိမ်လည်မှုဆိုင်ရာ ခေါင်းဆောင် ၁၀ ဦး ကို တစ်ကြိမ်တည်း လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဆက်သွယ်ရေးလိမ် လည်မှုဆိုင်ရာ သံသယရှိသူ ငါးသောင်းကျော် ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံ ခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ထို့ပြင် “ရွှေတြိဂံ” ဒေသတွင် တရုတ်နိုင်ငံနှင့်ပတ်သက်သော ပြစ်မှုများ ပူးတွဲတိုက် ဖျက်ရေးနှင့် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း စ သည့်နိုင်ငံများမှ တရားဥပဒေ စိုးမိုးရေးဌာန များနှင့်အတူ နိုင်ငံဖြတ်ကျော် ပြစ်မှုများ လက် တွဲ တိုက်ဖျက်ရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်ပြီး တရုတ်နိုင်ငံနှင့် ပတ်သက်သော နိုင်ငံဖြတ်ကျော် ပြစ်မှုများကို ထိထိရောက် ရောက် တိုက်ဖျက်ခဲ့ကြောင်း တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent