နွေရာသီ နောက်ဆုံးနေ့စွဲများ

နွေရာသီ နောက်ဆုံးနေ့စွဲများ
Photo : AFP
Photo : AFP
Published 26 August 2024
Wai Yan Aung

၂၀၂၄ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်က မကြာခင် ပိတ်သိမ်းတော့မှာပါ။ ဘောလုံးလောကမှာ နေရာဒေသအပေါ်မူတည်ပြီး အပြောင်းအရွှေ့ဈေးကွက် သတ်မှတ်ချိန်တွေကတော့ မတူညီကြပါဘူး။ ဥရောပမှာတင်ပဲ ကွဲပြားခြားနားမှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ဘောလုံးပရိသတ်တွေ စိတ်အဝင်စားဆုံးဖြစ်တဲ့ ဥရောပထိပ်သီးလိဂ် ၅ ခုကတော့ တူညီလေ့ရှိပါတယ်။ ဥရောပထိပ်သီးလိဂ် ၅ ခုစလုံးက ဒီနှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကို သြဂုတ် ၃၀ မှာ ပိတ်သိမ်းကြမှာပါ။ ဒီတော့ ၂၀၂၄ နွေရာသီရဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့ Transfer Deadline Day က သြဂုတ် ၃၀ ပါ။ ဒီ နေ့က သြဂုတ် ၂၇ ဆိုတော့ ၂၈၊ ၂၉၊ ၃၀ နောက်ထပ် ၃ ရက်အတွင်းမှာပဲ အပြောင်းအရွှေ့လှုပ်ရှားမှုတွေ လုပ်ဆောင်ခွင့်ရတော့မှာပါ။