ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်စတင်သည့် ဇွန် ၅ ရက်မှ သြဂုတ် ၂၂ ရက်အထိ မြန်မာလုပ်သား ၁၅၅၆၆၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်စတင်သည့် ဇွန် ၅ ရက်မှ သြဂုတ် ၂၂ ရက်အထိ မြန်မာလုပ်သား ၁၅၅၆၆၉ ဦး ဖမ်းဆီးခံရ
Published 25 August 2024

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားဖမ်းဆီရေး ရက် ၁၂၀ စီမံချက်ဖြင့် အလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းအာဏာပိုင်များ က နိုင်ငံအနှံ့ လိုက်လံဖမ်းဆီးလျက်ရှိရာ ဇွန် ၅ ရက်မှ သြဂုတ် ၂၂ ရက်အထိ မြန်မာလုပ်သား ၁၅၅၆၆၉ ဦး ဖမ်းဆီးခံရကြောင်း သိရ သည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် အာ ဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်းပြီး နိုင်ငံအ တွင်း တရားမဝင် အလုပ်သမားများဖမ်းဆီး ခြင်းရက် ၁၂၀ စီမံချက်အဖြစ် ဇွန် ၅ ရက်မှစ တင်ခဲ့ရာ သြဂုတ် ၂၂ ရက်အထိ စုစုပေါင်း  ၇၈ ရက်အတွင်း တရားမဝင်ရွှေ့ပြောင်းအ လုပ်သမား  ၂၀၈၀၃၅ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

နိုင်ငံအလိုက် ဖမ်းဆီးခံရသည့်အလုပ်သ မားများမှာ မြန်မာအလုပ်သမား  ၁၅၅၆၆၉ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား  ၃၂၈၁၀ ဦး၊ လာအိုအလုပ်သမား ၁၂၉၂၀ ဦး၊ ဗီယက်နမ် အလုပ်သမား ၁၄၁ ဦးနှင့် အခြားနိုင်ငံသား အလုပ်သမား ၆၄၉၅  ဦးတို့ ဖြစ်သည်။

ဖမ်းဆီးခံအလုပ်သမားများအနက် မြန် မာအလုပ်သမား ၉၁၄  ဦး၊ လာအိုအလုပ်သ မား ၁၈၈ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၂၀၈ ဦး၊ ဗီယက်နမ်အလုပ်သမား ၂၆ ဦး၊ အ ခြားနိုင်ငံသားအလုပ်သမား  ၁၀၂ ဦး၊  စုစုပေါင်း ၁၄၃၈ ဦးတို့ကို အရေးယူဆောင်ရွက်ပြီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသား အလုပ်သမားအနက် အ ထောက်အထားမဲ့၊ အလုပ်လုပ်ကိုင်ခွင့် work permit မရှိသည့်အလုပ်သမားနှင့် လုပ်ကိုင် ခွင့်မရှိသည့်အလုပ်အမျိုးအစားကို လုပ်ကိုင် သည့်အလုပ်သမားကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိအလုပ်သမားက ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး နေရပ်သို့ပြန် ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ်ကိုင်ခွင့်နှစ်နှစ် ပိတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်သ မားကိုလက်ခံသည့် အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတစ်ဦးလျှင်  ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ် ပြီး ထပ်မံကျူးလွန်မှုတွေ့ရှိပါက ထောင်ဒဏ် အများဆုံး တစ်နှစ်နှင့် ဘတ်ငွေ ၅၀၀၀၀ မှ ၂၀၀၀၀၀ အထိ ပေးဆောင်ရမည်ဖြစ်သလို ရွှေ့ပြောင်း အလုပ်သမားငှားရမ်းခွင့်သုံးနှစ် ပိတ်ခံရမည်ဖြစ်ကြောင်း အလုပ်သမားဦးစီး ဌာနက ထုတ်ပြန်ထားကြောင်း ထိုင်ငံဘက်မှ လာသောသတင်းများအရ သိရသည်။

Most Read

Most Recent