လှိုင်သာယာမြို့နယ်တွင် ဆန်ဂိုဒေါင်မှ အလုပ်သမားတစ်ဦး ဆန်အိတ်ပုံပြိုကျသဖြင့် သေဆုံး

လှိုင်သာယာမြို့နယ်တွင် ဆန်ဂိုဒေါင်မှ အလုပ်သမားတစ်ဦး ဆန်အိတ်ပုံပြိုကျသဖြင့် သေဆုံး
Published 3 September 2024

လှိုင်သာယာမြို့နယ်တွင် ဆန်ဂိုဒေါင်မှ အလုပ်သမားတစ်ဦး ဆန်အိတ်ပုံပြိုကျသဖြင့် သေဆုံးမှု စက်တင်ဘာ ၂ ရက်က ဖြစ်ပွားခဲ့သည်။

စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ ဆန်ဂိုဒေါင်တစ်ခုတွင် အလုပ်သမားတစ်ဦးပေါ်သို့ ဆန်အိတ်ပုံပြိုကျသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂိုဒေါင်အတွင်း ဆန်အိတ်များထားရာမှ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆန်အိတ်ပုံပြိုကျလို့ သေဆုံးတယ်လို့ သိရပါတယ်။ ဂိုဒေါင်က အလုပ်သမားပါ” ဟု ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး သေဆုံးသူအား လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent