ပြည်ပသို့ PV အမျိုးအစား ပတ်စ်ပို့ဖြင့် သွားရောက်မည့်သူများ အထောက်အထားမခိုင်လုံပါက သွားရောက်ခွင့်မပြုဟုဆို

ပြည်ပသို့ PV အမျိုးအစား ပတ်စ်ပို့ဖြင့် သွားရောက်မည့်သူများ အထောက်အထားမခိုင်လုံပါက သွားရောက်ခွင့်မပြုဟုဆို
ပြည်ပနိုင်ငံများသို့ သွားရောက်မည့် မြန်မာလူငယ်များနှင့် မိသားစုဝင်များကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
ပြည်ပနိုင်ငံများသို့ သွားရောက်မည့် မြန်မာလူငယ်များနှင့် မိသားစုဝင်များကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
Published 24 August 2024

ပြည်ပသို့  PV အမျိုးအစား ပတ်စ်ပို့ဖြင့် သွားရောက်မည့်သူများ အထောက်အထား မခိုင်လုံပါက သွားရောက်ခွင့်မပြုကြောင်း ကိုယ်တိုင် သွားရောက်ခဲ့သူများထံမှ သိရသည်။

“အဓိက သွားမယ့်နိုင်ငံမှာ ဘယ်မှာ တည်းမှာလဲ။ ပြန်လာမှာလားဆိုတာ မေးတယ်။ ပြီးတော့ show money ပြခိုင်းတယ်။ အထောက်အထား ခိုင်လုံရင်တော့ သွားခွင့် ပြုတယ်။ မခိုင်လုံရင်တော့ သွားခွင့်မပေးဘူး” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက ပြော ကြားသည်။

အထောက်အထား မခိုင်လုံသဖြင့် ရန်ကုန်လေဆိပ်မှ ပြန်လာရသူများလည်းရှိ ကြောင်း၊ သွားခွင့်ရသူများလည်းရှိကြောင်း သိရသည်။

“စစ်ဆေးတဲ့သူက သံသယရှိတယ်ဆို ရင် သွားခွင့်မပေးဘူး။ ပြန်လှည့်လာရတဲ့သူ တွေလည်းရှိတယ် ”ဟု သြဂုတ် ၂၃ ရက်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် PV အမျိုးအစားဖြင့် ပြည်ပ သို့ သွားရောက်ကာအလုပ်လုပ်ကိုင်မှုများရှိ နေသဖြင့် အလုပ်သွားရောက်လုပ်ကိုင်မည့် သူများအနေဖြင့် PJ အမျိုးအစားပတ်စ်ပို့ဖြင့် သွားရောက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အလုပ်သမားဝန်ကြီးဌာန၌ လုပ်ထုံးလုပ် နည်းများနှင့်အညီ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင်အလုပ် သမား သက်သေခံကတ် (OWIC) လျှောက် ထားရယူရမည်ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရ သည်။

ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုး ဖြင့် သွားရောက်နိုင်ရန်အတွက် လျှောက် ထားရမည့် နိုင်ငံကူးလက်မှတ်အမျိုးအစား များမှာ  (က) အလည် (Passport for Visit -PV))၊ (ခ) အလုပ် (Passport for JOB -PJ)

)၊ (ဂ) ပညာသင် (Passport for Education -PE))၊ (ဃ) စီးပွားရေး (Passport for business -PB)၊ (င) ဘာသာရေး (Passport for Religious -PR) )၊ (စ) မှီခို (Passport for dependent -PD) )၊ (ဆ) သင်္ဘောသား (Passport for seaman -PS))တို့ဖြစ်ကြောင်း၊ ပြည်ပသို့ အ လုပ်လုပ်ကိုင်ရန် အတွက် သွားရောက်မည့်သူ များသည် နိုင်ငံကူးလက်မှတ် အမျိုးအစားကို အလုပ်အကိုင်အတွက် ထုတ်ပေးသည့် (Passport for JOB -PJ)

) အမျိုးအစား လျှောက် ထားရန်လိုအပ်မည် ဖြစ်ပြီး အလုပ်သမားဝန် ကြီးဌာနတွင် မဖြစ်မနေ မှတ်ပုံတင်၍ ပြည်ပ သို့ သွားရောက်လုပ်ကိုင်ရန် လိုအပ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ အလည်ဗီဇာဖြင့် သွားရောက်လည်ပတ်နိုင်ရန် ထုတ်ပေးသည့် (Passport for Visit -PV)) အမျိုးအစား ကိုင် ဆောင်သူများသည် အလည်အတွက်မဟုတ် ဘဲ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူ ၍ ပြည်ပသို့ သွားရောက်လုပ်ကိုင်လျက်ရှိ ကြပြီး ပြည်ပတွင် အခက်အခဲပြဿနာတစ်စုံ တစ်ရာ ပေါ်ပေါက်ပါက ကူညီဖြေရှင်းဆောင် ရွက်ပေးရန် အခက်အခဲများ ကြုံတွေ့လျက်ရှိ ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

ယင်းအတွက်ကြောင့် နိုင်ငံကူးလက်မှတ် (Passport for Visit -PV)) အမျိုးအစား ကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူပြီး ပြည်ပသို့ ထွက်ခွာရာ တွင် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ် ဂိတ်များမှ စိစစ်တားမြစ်ခြင်းများခံရပါက မလိုလားအပ်သည့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေ ရေးအတွက် ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်ရန် ရည်ရွယ်ထားရှိပါက နိုင်ငံကူး လက်မှတ် စတင်လျှောက်ထားရာတွင် (Passport for JOB -PJ)အမျိုးအစားကို လျှောက် ထားရယူရန် လိုအပ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့အလုပ်သွား ရောက်လုပ်ကိုင်သူများမှာ အိမ်နီးချင်းထိုင်း နိုင်ငံသို့ သွားရောက် လုပ်ကိုင်သူများပြား လျက်ရှိပြီး အာဆီယံနိုင်ငံများဖြစ်သည့် မလေးရှား၊ စင်ကာပူ အစရှိသည့်နိုင်ငံများအ ပြင် ယခုနောက်ပိုင်းတွင် လာအိုနိုင်ငံသို့ လည်း သွားရောက် လုပ်ကိုင်မှုများရှိနေသည် ဟု ပြည်ပအလုပ်အကိုင်အသိုင်းအဝိုင်းမှ သိ ရသည်။

ထို့ပြင်အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ် သည့် ယူအေအီး၊ ဂျော်ဒန် အစရှိသည့်နိုင်ငံ များသို့လည်းကောင်း၊ ဂျပန်၊ ကိုရီးယားနိုင်ငံ များသို့လည်းကောင်း သွားရောက်လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent