ဘယ်လင်ဂမ် အနစ်နာခံပေးဖို႔ လိုနေတဲ့ ရီးယဲလ်တိုက်စစ်စုဖွဲ့မှု

ဘယ်လင်ဂမ် အနစ်နာခံပေးဖို႔ လိုနေတဲ့ ရီးယဲလ်တိုက်စစ်စုဖွဲ့မှု
Photos: AFP
Photos: AFP
Published 24 August 2024
Chan Myae

မာယော့ကာနဲ့ပွဲမှာတော့ ချူယာမန်နီနဲ့ ဗယ်လ်ဗာဒီတို့ကို Double pivot အတွဲအနေနဲ့ သုံးပြီး ဘယ်လင်ဂမ်ကို N.10 Role အနေနဲ့ အသုံးပြုခဲ့တယ်။ ပြီးတော့ တိုက်စစ်မှာ ဗင်နီစီယပ်စ်-အမ်ဘာပေ-ရိုဒရီဂိုတို့ ၃ ဦးကို တင်ကစားခဲ့တယ်။ ပြဿနာတွေ တကယ် ရှိခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ အတ္တလန်တာနဲ့ ဥရောပစူပါဖလား ဗိုလ်လုပွဲတုန်းကလည်း ပထမပိုင်းမှာ အလားတူပြဿနာ ပေါ်ခဲ့သေးတယ်။ ဒုတိယပိုင်းရောက်မှ ဟန်ချက်ညီသွားခဲ့တယ်။ ဒါပေမဲ့ မာယော့ကာနဲ့ပွဲမှာတော့ ဒုတိယပိုင်းမှာလည်း ဟန်ချက်မညီခဲ့ဘူး။ ဗင်နီစီယပ်စ်က ဘယ်တောင်ပံကို အပိုင်စီးထားပြီး အမ်ဘာပေက အလယ်ကနေ ဘောလုံးစောင့်တောင်းကစားတယ်။ ဘောလုံးနဲ့ အတူ အလုပ်လုပ်ချင်တဲ့ ကစားသမားက ထင်သလောက် ဘောလုံးမရတော့ ဘယ်တောင်ပံနေရာကို လုကစားတယ်။ ဒီကြားထဲ ရိုဒရီဂိုကလည်း ဘယ်ခြမ်းကို ထွက်ထွက်လာသေးတယ်။ နောက်ဆုံးမှာ ရီးယဲလ်မက်ဒရစ်က ဘယ်ခြမ်းတိုက်စစ်ဇုန်မှာ Overloaded ဖြစ်ပြီး ဟန်ချက်ပျောက်ဆုံးသွားခဲ့တာကို တွေ့ရတယ်။ အန်ဆယ်လော့တီ လည်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အကြီးအကျယ်ပေါက်ကွဲသွားခဲ့တယ်။

 

Most Read

Most Recent