ချမ်းအေးသာစံမြို့နယ်တွင် Online အသုံးပြု၍ ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားလေးဦးနှင့် မြန်မာ ၁၇ ဦး ဖမ်းဆီးရမိ

ချမ်းအေးသာစံမြို့နယ်တွင် Online အသုံးပြု၍ ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားလေးဦးနှင့် မြန်မာ ၁၇ ဦး ဖမ်းဆီးရမိ
Published 20 August 2024

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသားလေးဦး နှင့် မြန်မာနိုင်ငံသား ၁၇ ဦးတို့အား ငွေလိမ် လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက် စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၈ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် ၂၇ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ ဒေါ်စန္ဒာ ၏နေအိမ်၌ တရုတ်နိုင်ငံသားများနှင့် မြန်မာ နိုင်ငံသားများ ပူးပေါင်းကာ online အသုံးပြု ၍ ငွေလိမ်လုပ်ငန်းများလုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် အဆိုပါနေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါနေ အိမ်အတွင်း၌ online အသုံးပြု၍ ငွေလိမ် လုပ်ငန်း လုပ်ကိုင်နေသူ yanlong ပါ တရုတ် နိုင်ငံသား အမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက် ကိုင်မြို့နယ် ထွမ်ဆန်းရွာနေ ရဲမြင့်ပါ အမျိုး သား ၁၀ ဦးနှင့် အမျိုးသမီးခြောက်ဦး၊ နေအိမ် ပိုင်ရှင်ဖြစ်သူ ဒေါ်စန္ဒာတို့အား online အ သုံးပြု၍ ငွေလိမ်လုပ်ငန်းပြုလုပ်ရာတွင် အသုံး ပြုသည့် ကွန်ပျူတာလေးစုံ၊ laptop နှစ်လုံး၊ 5BB broadband တံဆိပ်ပါ  wifi စက် တစ် လုံး၊  ruijie regee တံဆိပ်ပါ  wifi ထပ်ဆင့် လွှင့်စက်သုံးလုံး၊ အခြားဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူ yanlong တရုတ် နိုင်ငံသား အမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦး၊ မြန်မာနိုင်ငံသားများဖြစ်သည့် ရဲမြင့် ပါ အမျိုးသား ၁၀ ဦး၊ အမျိုးသမီးခြောက်ဦးနှင့် နေအိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်စန္ဒာတို့အား ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ချမ်း အေးသာစံမြို့နယ် အမှတ် (၃)နယ်မြေရဲစခန်း ၌ အီလက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃ (က) / ၃၈ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent