U-12 Junior Soccer World Challenge ပြိုင်ပွဲဝင် မြန်မာ ယူ-၁၂ အသင်း ဂျပန်အသင်းနှစ်သင်းနှင့် သြဂုတ် ၂၀ တွင် ယှဉ်ပြိုင်ကစားမည်

U-12 Junior Soccer World Challenge ပြိုင်ပွဲဝင် မြန်မာ ယူ-၁၂ အသင်း ဂျပန်အသင်းနှစ်သင်းနှင့် သြဂုတ် ၂၀ တွင် ယှဉ်ပြိုင်ကစားမည်
Photo: MFF
Photo: MFF
Published 19 August 2024

၂၀၂၄  U-12 Junior Soccer World Challenge ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၁၂ အသင်းသည် သြဂုတ် ၂၀ တွင် အုပ်စုပထမနေ့ပွဲများအဖြစ် ဂျပန်ကလပ်အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုပထမနေ့ပွဲများအဖြစ် သြဂုတ်၂၀ မြန်မာစံတော်ချိန် နံနက်(ရး၂၀)နာရီတွင် Tozuka Football Club Junior အသင်း၊ မြန်မာစံတော်ချိန် နံနက်(၈း၅၀)နာရီတွင် Kashima Antlers Norte အသင်းတို့နှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် သြဂုတ်(၂၁) ရက်၊  မြန်မာစံတော်ချိန် နံနက်(ရး၂၀)နာရီတွင် FC Basara Hyogo အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ ယူ-၁၂ အသင်းသည် ယင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ပြီးခဲ့သည့် သြဂုတ် (၁၈) ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့ပြီး အုပ်ချုပ်/နည်းပြအဖွဲ့ဝင်(၆) ဦး၊ ကစားသမား(၁၈) ဦး၊ ပေါင်း(၂၄) ဦး လိုက်ပါသွားခဲ့ကြောင်း သိရသည်။

မြန်မာယူ -၁၂ လူငယ်အသင်းကို ဦးမင်းသူ(အမျိုးသားဘောလုံးအကယ်ဒမီနည်းပြချုပ်)က တာဝန်ယူ ကိုင်တွယ်နေသည်။

၂၀၂၄  U-12 Junior Soccer World Challenge ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် သြဂုတ် (၂၀) ရက် မှ (၂၃) ရက်အထိ ကျင်းပမည်ဖြစ်သည်။

ယခုနှစ်ပြိုင်ပွဲကို အသင်းပေါင်း(၄၈) သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး (၄) သင်း (၁၂) အုပ်စုခွဲ၍ ပထမအဆင့်(Preliminary League) အဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပထမအဆင့်(Preliminary League) တွင် အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်နိုင်သည့် အသင်းနှစ်သင်းစီ၊ စုစုပေါင်း (၂၄)သင်းမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲ (Final Tournament) သို့ တက်ရောက်ကစားခွင့်ရမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အဆင့် (၃၊ ၄) ရ အသင်း (၂၄) သင်းမှာ အောက်အဆင့်ပြိုင်ပွဲ (Lower Tournament) ၌ ဆက်လက်ကစားရမည်ဖြစ်သည်။

ပြိုင်ပွဲကို ပထမအဆင့်နှင့် အောက်အဆင့်တွင် (၁၅) မိနစ် နှစ်ပိုင်း (နားချိန် ၅ မိနစ်)၊ နောက်ဆုံအဆင့်ပြိုင်ပွဲတွင် (၂၀) မိနစ် နှစ်ပိုင်း( နားချိန် ၅ မိနစ်)  ပုံစံဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent