ဘာစီလိုနာနှင့် လမ်းခွဲရန် ဆန္ဒရှိနေသည့် ဂွန်ဒိုဂန်ကို ခေါ်ယူရန် မော်ရင်ဟို စီစဉ်နေ

ဘာစီလိုနာနှင့် လမ်းခွဲရန် ဆန္ဒရှိနေသည့် ဂွန်ဒိုဂန်ကို ခေါ်ယူရန် မော်ရင်ဟို စီစဉ်နေ
Photo: X
Photo: X
Published 19 August 2024

ဖီနာဘာချီအသင်း၏နည်းပြ မော်ရင်ဟိုသည် ဘာစီလိုနာအသင်းမှ ဂျာမန်ကွင်းလယ်ကစားသမား ဂွန်ဒိုဂန်ကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

ဂွန်ဒိုဂန်(၃၃ နှစ်)သည် ပြီးခဲ့သည့်နှစ် နွေရာသီတွင် မန်စီးတီးနှင့် လမ်းခွဲပြီး ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

၎င်းသည် ဘာစီလိုနာအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း ယခုနွေရာသီတွင် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေပြီး အသင်းတာဝန်ရှိသူများထံ အသိပေးတောင်းဆိုထားကြောင်း သိရသည်။

ထို့ကြောင့် မော်ရင်ဟိုက ၎င်းအား ဖီနာဘာချီအသင်းထံ ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ပြီး အခြားတူရကီထိပ်သီးကလပ်များနှင့် ဆော်ဒီကလပ်များကလည်း ဂွန်ဒိုဂန်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်း သိရသည်။

ဂွန်ဒိုဂန်သည် ဂျာမနီလက်ရွေးစင်ကစားသမားဖြစ်သော်လည်း တူရကီမိဘများမှ မွေးဖွားလာသူဖြစ်သောကြောင့် တူရကီသို့ ပြောင်းရွှေ့ကစားနိုင်သည့် အလားအလာရှိကြောင်း သိရသည်။

၎င်းသည် မန်စီးတီးတွင် ပြန်လည်ကစားရန် ဆန္ဒရှိနေကြောင်းလည်း သတင်းထွက်နေသည်။

Most Read

Most Recent