အန်ဇိုဖာနန်ဒက်ဇ်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ခြင်းအတွက် ပရိသတ်အချို့ ဒေါသထွက်

အန်ဇိုဖာနန်ဒက်ဇ်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ခြင်းအတွက် ပရိသတ်အချို့ ဒေါသထွက်
Photo : Getty Images
Photo : Getty Images
Published 19 August 2024

ချယ်လ်ဆီးအသင်းသည် မန်စီးတီးနှင့်ပွဲတွင် အာဂျင်တီးနားကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ခြင်းအတွက် ပရိသတ်အချို့က ဒေါသထွက်ခဲ့ကြပြီး လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန် ပြစ်တင်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အန်ဇိုဖာနန်ဒက်ဇ်သည် လက်ရွေးစင်အသင်းနှင့် အောင်ပွဲခံစဉ် ပြင်သစ်ကစားသမားများကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့သောကြောင့် ဝေဖန် ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

ယင်းကဲ့သို့သော ကစားသမားကို အပြစ်ပေး အရေးယူခြင်းမပြုဘဲ အသင်းခေါင်းဆောင်အဖြစ်ပင် တာဝန်ပေးခဲ့ခြင်းအတွက် ပရိသတ်များက ဝေဖန်ပြစ်တင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အန်ဇိုဖာနန်ဒက်ဇ်သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလအတွင်းကမှ ဘင်ဖီကာအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာသူဖြစ်သည်။

Most Read

Most Recent