မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ သုံးသန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းပြီး လတ်တလောနေရပ်စွန့်ခွာခဲ့ကြရသူ အများစုသည် အမိုးအကာများမရှိဘဲ နေထိုင်နေရကြောင်း UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ သုံးသန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းပြီး လတ်တလောနေရပ်စွန့်ခွာခဲ့ကြရသူ အများစုသည် အမိုးအကာများမရှိဘဲ နေထိုင်နေရကြောင်း UNOCHA ထုတ်ပြန်
Published 18 August 2024

 

 

လားရှိုးမြို့မှထွက်ခွာလာသည့် စစ်ဘေးရှောင်များကို ဇူလိုင်လအတွင်းက တွေ့ရစဉ်

မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ သုံးသန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းပြီး လတ်တလော နေရပ်စွန့်ခွာခဲ့ကြရ သူအများစုမှာ မုတ်သုံမိုးရာသီအတွင်း လျော်ကန်သည့်အမိုးအကာများမရှိဘဲ နေထိုင်နေရ ကြောင်း UNOCHA ထုတ်ပြန်ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး-မြန်မာ (UNOCHA-Myanmar) ၏ ထုတ်ပြန် ချက်အရ သိရသည်။

နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်စွာဖြစ်ပွားလျက်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်များ၌ အခြေအနေဆိုးရွားလျက်ရှိ ကာ နေရပ်စွန့်ခွာသူဦးရေ ထပ်မံဖြစ်ပေါ် လျက်ရှိကြောင်း၊ ပြီးခဲ့သည့်ဇွန်လကုန်ပိုင်း မှစ၍ မရပ်မနားမိုးကြီးခြင်းများနှင့် မြစ်ချောင်း များ ရေကြီးရေလျှံခြင်းတို့ကြောင့် ပြည်နယ် နှင့်တိုင်းဒေသကြီးတချို့၌ ‌ရေလွှမ်းခဲ့ပြီး ခန့် မှန်းလူဦးရေ ၃၉၃၀၀၀ ခန့် ရေဘေးသင့်ခဲ့ ရကာ ရှိရင်းစွဲလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်အခြေအနေကို ပိုမိုဆိုးရွားစေ ခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်း၌ ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ သုံးသန်းဝန်းကျင်မျှရှိမည်ဟု ခန့်မှန်းရကာ လတ်တလောနေရပ်စွန့်ခွာခဲ့ကြ ရသူအများစုမှာ မုတ်သုံမိုးရာသီအတွင်း လျော် ကန်သည့်အမိုးအကာများမရှိဘဲ နေထိုင်နေ ကြရကြောင်း UNOCHA က ဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဆက် လက်ဖြစ်ပွားနေပြီး မောင်တောမြို့နယ်၌ အရပ်သား ထိခိုက်သေဆုံးမှုများနှင့် နယ်စပ်ဖြတ် ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံသူများ ရှိသည်ဟုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ ရှမ်းပြည် နယ်မြောက်ပိုင်းတွင် လားရှိုးမြို့သိမ်းတိုက်ပွဲသတင်းများအပါအဝင် ဇွန်လနှောင်းပိုင်းမှ စ၍ပြန်လည်ဖြစ်ပွားလာသော တစ်ကျော့ပြန် တိုက်ပွဲများကြောင့် မြို့နယ်လေးခုမှ ခန့်မှန်း ခြေ လူဦးရေ ၃၃၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက် ပြေးကြရပြီး အရပ်သားထိခိုက်သေဆုံးမှုများ နှင့် အိုးအိမ်တိုက်တာအဆောက်အအုံပျက် စီးမှုများစွာဖြစ်ခဲ့ရကြောင်း UNOCHA က           ထုတ်ပြန်ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လက် နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်လာသဖြင့် မန္တလေးမြို့မြောက်ဘက်မြို့နယ်များရှိ နေ အိမ်များမှ ထောင်သောင်းချီသော အရပ်သား များ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း  UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ပြင်းထန်လာသည့်ပဋိပက္ခ၊ သွားလာခွင့် ကန့်သတ်ချက်များ၊ တယ်လီဖုန်းနှင့် အင်တာ နက် ဆက်သွယ်ရေးလိုင်းမကောင်းခြင်းများ နှင့် ရန်ပုံငွေကြီးမားစွာလိုအပ်ချက် စသည့် အခက်အခဲများကြားမှ လူသားချင်းစာနာမှု အကူအညီပေးကြသူများသည် အကူအညီ များ ပေးရန် ဆက်လက်လုပ်ဆောင်လျက်ရှိ ကြောင်း၊ နိုင်ငံတစ်ဝန်းအကူအညီပေးရန် လျာ ထားသည့် လူဦးရေ ၅ ဒသမ ၃ သန်းအနက်မှ ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်အတွင်း နေရပ် စွန့်ခွာသူဦးရေ ၁ ဒသမ ၂ သန်းအပါအဝင် လူဦးရေ ၂ ဒသမ ၁ သန်းအား အကူအညီများ ပေးခဲ့ကြောင်း UNOCHA က ဆိုသည်။

Most Read

Most Recent