စပိန်လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 18 August 2024

ဆိုစီဒက် - ဗယ်လက်ကာနို (တနင်္ဂနွေည ၁၁း၃၀ နာရီ)

ဆိုစီဒက်ကတော့ လက်ရှိအင်အားကို ငြိမ်အောင်ထိန်း နေရတဲ့အနေအထားမှာပဲရှိနေသေးတယ်။ အဓိက ကစားသမား အချို့ကိုလည်း လက်လွှတ်ထားရလို့ ရာသီအဖွင့်ပွဲမှာအဆင် သင့်ဖြစ်နေမယ်မထင်ဘူး။ ဗယ်လက်ကာနိုကတော့အပြောင်း အလဲသိပ်မရှိဘူး။ အဝေးကွင်းကစားပုံသိပ်မဆိုးသလို ရာသီအ စဆိုရင်လည်း အရှိန်အကောင်းကောင်းနဲ့ ပွဲထွက်လာလေ့ရှိ တယ်။ ဆိုစီဒက်အိမ်ကွင်းဆိုပေမယ့် ဗယ်လက်ကာနိုတို့ သရေ လောက်တော့ထိန်းကစားသွားနိုင်မယ်ထင်တယ်။ ဂိုးနည်းမယ်။

မာယော့ကာ - ရီးယဲလ်မက်ဒရစ် (တနင်္လာနံနက် ၂း၀၀ နာရီ)

ရီးယဲလ်မက်ဒရစ်ကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အတ္တလန် တာနဲ့ ဥရောပစူပါဖလားပွဲကို ပိုလန်မှာသွားကစားထားရပြီး အပြန်မှာတော့ မာယော့ကာကိုလည်း အဝေးကွင်းမှာ ဆက်ပြီး ရင်ဆိုင်ရမှာဖြစ်တယ်။ အသင်းကလည်း လူစုံတက်စုံလေ့ကျင့် ရက်သိပ်မရှိသေးလို့ ရာသီအစမှာသိပ်ပြီး သွေးပူမယ့်ပုံမပေါ်သေး ဘူး။ ဒါပေမဲ့ လူစာရင်းအရရော၊ ခြေစွမ်းအရပါ မာယော့ကာနဲ့ ယှဉ်ရင် သိသိသာသာကွာနေတာက ရီးယဲလ်အတွက်အားသာ မှုလိုဖြစ်နေတယ်။ မာယော့ကာကတော့နည်းပြအပြောင်းအလဲ လုပ်ထားတယ်။ အရင်နည်းပြ အဂွီရီနေရာမှာ ပြီးခဲ့တဲ့ရာသီက အိုဆာဆူနာအသင်းနည်းပြ အာရာဆက်တေနဲ့ အစားထိုးထား တယ်။ အသင်းရဲ့ကစားသမားအင်အားကတော့ အပြောင်းအလဲ သိပ်မရှိဘူး။ ဒီပွဲကရီးယဲလ်တိုက်စစ် ဂိုးရ၊ မရပဲစောင့်ကြည့်ရ မယ့်ပွဲပါ။ ရီးယဲလ်ဂိုးနည်းနည်းနဲ့ပဲ နိုင်နိုင်တယ်။

Most Read

Most Recent