လာလီဂါရာသီအဖွင့် ပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်

လာလီဂါရာသီအဖွင့် ပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 15 August 2024

ဘီလ်ဘာအို နှင့် ဂီတာဖေး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)

ဒီနှစ်သင်း ဆုံတွေ့တဲ့ ပွဲအများစုက သရေရလဒ်နဲ့ အဆုံးသတ်လေ့ရှိပါတယ်။ နောက်ဆုံး(၆)ပွဲမှာ (၅)ပွဲအထိ သရေကျခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ဒုတိယအကျော့ပွဲစဉ်မှာတော့ ဘီလ်ဘာအိုအသင်းက အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိကစားသမားစုဖွဲ့မှုအရလည်း ဘီလ်ဘာအိုအသင်းက ပိုပြီးအင်အားတောင့်တင်းတဲ့အသင်းအဖြစ်  ရပ်တည်နေပါတယ်။ ဘီလ်ဘာအိုအသင်းရဲ့ကွင်းမှာ ဂီတာဖေးအသင်း ရလဒ်ကောင်းတာလည်း နည်းပါးပါတယ်။ ဒါကြောင့် ဘီလ်ဘာအိုကိုပဲ ရွေးချယ်ချင်ပါတယ်။

ဘက်တစ် နှင့် ဂျီရိုနာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂းဝ၀ နာရီ)

ပြီးခဲ့တဲ့ရာသီက အံ့အားသင့်စရာတွေ လုပ်ပြခဲ့ပြီး အမှတ်ပေးဇယားတတိယနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ဂျီရိုနာအသင်း ဒီရာသီမှာ ဘာတွေထပ်ပြီး လုပ်ပြနိုင်ဦးမလဲ။ အစဉ်အလာဆုံတွေ့မှုမှာ ဘက်တစ်အသင်းက အသာရခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီတုန်းကတော့ ဂျီရိုနာက တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားနိုင်ခဲ့ပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာတော့ နှစ်သင်းခြေစွမ်းက သိပ်မကွာခြားပါဘူး။ ပြင်ဆင်အားဖြည့်မှုမှာတော့ ဂျီရိုနာက ပိုအားရစရာကောင်းပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ဂျီရိုနာ မရှုံးနိုင်ပါဘူး။

Most Read

Most Recent