ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုး မည်

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုး မည်
Published 14 August 2024



မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်သည်။

    ဗဟိုဘဏ်အနေဖြင့်  ‌ယခုသီတင်းပတ်အတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်းတို့အား ရောင်းချမည်ဟုလည်း သြဂုတ် ၉ ရက်က ထုတ်ပြန်ခဲ့သည်။

           မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့ သည့်ရက်သတ္တပတ်အတွင်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံးဆီကဏ္ဍ၊ စားသုံးဆီကဏ္ဍနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်း နှင့် တရုတ်ယွမ် ၅ သန်း တို့ကို ရောင်းချပေးခဲ့သည်။ 

     နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် ၂၀၂၄ ခုနှစ် သြဂုတ် ၁ ရက်တွင် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ‌စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ ဆေးဝါးနှင့် ဆေးဝါးနှင့်ဆက်စပ်သောပစ္စည်းများ တင်သွင်းသည့်ကုမ္ပဏီများနှင့် ဓာတ်မြေသြဇာတင်သွင်းသည့် ကုမ္ပဏီများသို့ Fx Trading Platform မှ တစ်ဆင့် ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်းတို့အား ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇူလိုင် ၃ ရက်က Online Trading Platform တွင် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှတစ်ဆင့် နိုင်ငံခြားငွေဝယ်ယူလိုကြောင်း တင်ပြလာသည့် စားသုံးဆီ၊ ဓာတ်မြေသြဇာနှင့် ဆေးနှင့် ဆေးပစ္စည်းများတင်သွင်းသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား ဒေါ်လာ ၅ ဒသမ ၄ သန်း ရောင်းချပေးခဲ့သည်။          

ဇူလိုင် ၂ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ဒေါ်လာငါးသန်း ရောင်းချပေးခဲ့သည်။

ဇွန်လအတွင်း ဗဟိုဘဏ်က ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ဇွန် ၂၅ ရက်က ထိုင်းဘတ်သန်း ၄၀၊ ဇွန် ၁၇ ရက်က ဒေါ်လာငါးသန်းကို ရောင်းချပေးခဲ့သည်။

Most Read

Most Recent