■ အဲရစ်တန်ဟက်ဂ်အား ရာထူးမှမထုတ်ပယ်ရခြင်းအကြောင်းကို ယူနိုက်တက်အသင်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ် ထုတ်ဖော်ပြောကြား

■ အဲရစ်တန်ဟက်ဂ်အား ရာထူးမှမထုတ်ပယ်ရခြင်းအကြောင်းကို ယူနိုက်တက်အသင်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ် ထုတ်ဖော်ပြောကြား
Photo: Gettyimages
Photo: Gettyimages
Published 13 August 2024

မန်ချက်စတာယူနိုက်တက်အသင်း၏ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သည့် ဆာဂျင်ရက်ကလစ်ဖ်က ပြီးခဲ့သည့်နွေရာသီ၌ အသင်းနည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်အား ရာထူးမှ မထုတ်ပယ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်သည် ပရီးမီးယားလိဂ်ရာသီတစ်ခုလုံးတွင် အဆင့်(၈)နေရာသာ ရယူနိုင်ခဲ့သော်လည်း ရာသီကုန်ချိန်တွင် ပုံစံကောင်းပြသနိုင်ခဲ့သလို၊ ရာသီပိတ် FA ဖလားဗိုလ်လုပွဲတွင်လည်း ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းကို အနိုင်ရရှိကာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

ယင်းအတွက်ကြောင့် ဥရောပပြိုင်ပွဲ ဝင်ခွင့်တစ်နေရာအဖြစ် ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ကိုလည်း ရရှိခဲ့သည်။

သို့ရာတွင် မန်ယူနိုက်တက်အသင်းသည် တန်ဟက်ဂ်အား ရာထူးမှ ထုတ်ပယ်ရန် စဉ်းစားခဲ့သလို၊ အခြားနည်းပြများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးမှ နောက်ဆုံးတွင် တန်ဟက်ဂ်ကို နည်းပြအဖြစ် ဆက်လက်ထားရှိခဲ့ခြင်းဖြစ်သည်။

ရက်ကလစ်ဖ်က ''အဲရစ်တန်ဟက်ဂ်က အသင်းအတွက် အရမ်းကြိုးစားပေးနေတဲ့သူပါ။ ဒါပေမဲ့ အောက်ခြေကနေ အမြင့်ဆုံးတွေအထိ အကုန်ပြောင်းလဲချင်ပါတယ်။ ကျွန်တော်တို့က ဒါကို သဘောမကျပေမဲ့ နောက်ဆုံးမှာ သဘောတူ ညီမှုရခဲ့ပါတယ်''ဟု ဆိုခဲ့သည်။

 

Most Read

Most Recent