ပရီးမီးယားလိဂ်အသင်းများထဲတွင် ဝက်စ်ဟမ်း၏အသုံးစရိတ် ဒုတိယအများဆုံးဖြစ်နေပြီး ယခုနွေရာသီအသုံးစရိတ် အနည်းဆုံးစာရင်း၌ လီဗာပူးလ်နှင့် မန်စီးတီးအသင်း ရပ်တည်နေ

ပရီးမီးယားလိဂ်အသင်းများထဲတွင် ဝက်စ်ဟမ်း၏အသုံးစရိတ် ဒုတိယအများဆုံးဖြစ်နေပြီး ယခုနွေရာသီအသုံးစရိတ် အနည်းဆုံးစာရင်း၌ လီဗာပူးလ်နှင့် မန်စီးတီးအသင်း ရပ်တည်နေ
Photo: Getty Images
Photo: Getty Images
Published 7 August 2024

 

ဝက်စ်ဟမ်းအသင်းသည် သြဂုတ်လ ၅ ရက်က ဒေါ့မွန်အသင်းမှ ဂျာမန်လက်ရွေးစင်တိုက်စစ်မှူး ဖယ်ခုကို ယူရို ၂၇ သန်းဖြင့် ခေါ်ယူပြီး နောက် ပရီးမီးယားလိဂ်အသင်းများထဲတွင် အက်စတွန်ဗီလာ(၁၇၆.၂ သန်း)ပြီးနောက် နွေရာသီအသုံးစရိတ် အများဆုံးအသင်းဖြစ်လာခဲ့ကြောင်း သိရသည်။ 

ဝက်စ်ဟမ်းအသင်းသည် ဖယ်ခုမတိုင်မီ ဝုလ်ဗ် နောက်ခံလူ ကယ်လ်မန်းကို ယူရို ၄၇ ဒသမ ၅ သန်း၊ လိဒ်စ်တိုက်စစ် ကစားသမား ဆမ်မာဗဲလ်ကို ယူရို ၂၉ ဒသမ ၃ သန်း၊ ပါလ်မီးရပ်စ်တောင်ပံကစားသမား ဂီလ်ဟာမီကို ယူရို ၂၃ သန်းဖြင့် ခေါ်ယူထားပြီး ရှက်ဖီးယူနိုက်တက်ဂိုးသမား ဖိုဒရင်ဟမ်ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ 

ဝက်စ်ဟမ်းအသင်းသည် အသုံးစရိတ်လိုငွေပြမှုတွင် ယူရို ၈၂ ဒသမ ၀၅ သန်းအထိရှိနေပြီး ဘရိုက်တန်(ယူရို ၈၃ ဒသမ ၉၁ သန်း)ပြီးနောက် ဒုတိယအများဆုံး ဖြစ်နေသည်။ ပရီးမီးယားလိဂ်အသင်းများထဲတွင် အံ့အားသင့်ဖွယ် လီဗာပူးလ်နှင့် မန်စီးတီးအသင်းများက နွေရာသီအသုံးစရိတ်အနည်းဆုံးအဖြစ် ရပ်တည်နေသည်။

ပရီးမီးယားလိဂ်အသင်းများ၏ ယခုနွေရာသီ အသုံးစရိတ်

 ကလပ်        အသုံးစရိတ်(ယူရို)    +/-(ယူရို)

အက်စတွန်ဗီလာ    ၁၇၆.၂ သန်း    -၄၈.၈ သန်း

ဝက်စ်ဟမ်း    ၁၂၆.၈ သန်း    -၈၂.၀၅ သန်း

ချယ်လ်ဆီး    ၁၁၂.၅ သန်း    -၁၁.၅ သန်း

မန်ယူ        ၁၀၄.၅ သန်း    -၆၂ သန်း

ဘရိုက်တန်    ၉၁.၅ သန်း    -၈၃.၉၁ သန်း

အာဆင်နယ်    ၇၆.၉ သန်း    -၄၅.၁ သန်း

နော်တင်ဟမ်    ၇၃.၅ သန်း    +၉.၉ သန်း

အစ်ဝစ်ချ်        ၇၂.၉၉ သန်း    -၇၁.၃၄ သန်း

ဆောက်သမ်တန်    ၆၃.၅ သန်း    -၅၁.၅၆ သန်း

ဘုန်းမောက်    ၅၇.၃၇ သန်း    -၅၅.၅၉ သန်း

နယူးကာဆယ်    ၅၆.၆ သန်း    +၁၉.၆ သန်း

အဲဗာတန်        ၅၀.၂ သန်း    +၃၂.၉၅ သန်း

စပါး        ၅၁.၂၅ သန်း    -၃၉.၄၅ သန်း

ဖူလ်ဟမ်        ၃၈.၅ သန်း    +၁၂.၅ သန်း

လက်စတာ    ၃၆.၉ သန်း    -၁.၅ သန်း

ဘရန့်ဖို့ဒ်        ၃၃ သန်း        ၀.၅ သန်း

ဝုလ်ဗ်        ၃၃ သန်း        +၁၄.၅ သန်း

ခရစ္စတယ်ပဲလေ့စ်    ၃၀ သန်း        +၂၃.၄ သန်း

မန်စီးတီး        ၂၅ သန်း        +၁၆ သန်း

လီဗာပူးလ်    -        -

Most Read

Most Recent