အာဆင်နယ်နည်းပြဘဝတွင် နောက်ခံကစားသမားများကို ခေါ်ယူခြင်းအတွက် အာတီတာ ပေါင်သန်း(၂၄၀)အသုံးပြုခဲ့ပြီး စုစုပေါင်း(၁၁)ဦးရှိ

အာဆင်နယ်နည်းပြဘဝတွင် နောက်ခံကစားသမားများကို ခေါ်ယူခြင်းအတွက် အာတီတာ ပေါင်သန်း(၂၄၀)အသုံးပြုခဲ့ပြီး စုစုပေါင်း(၁၁)ဦးရှိ
Photo : Getty Images
Photo : Getty Images
Published 5 August 2024

အာဆင်နယ်အသင်း၏နည်းပြ အာတီတာသည် အာဆင်နယ်နည်းပြဘဝတွင် နောက်ခံကစားသမားများကို ခေါ်ယူခြင်းအတွက် ပေါင်သန်း(၂၄၀) အသုံးပြုခဲ့ကြောင်း သိရသည်။

အာတီတာသည် အာဆင်နယ် အသင်းနည်းပြအဖြစ် ၂၀၁၉ ဒီဇင်ဘာတွင် စတင်ဆောင်ရွက်ခဲ့ခြင်းကြောင့် အပြောင်းအရွှေ့ဈေးကွက်(၁၀)ခုကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။

၎င်းအနေဖြင့် အာဆင်နယ်အသင်းထံ စုစုပေါင်းကစားသမား (၃၁)ဦး ခေါ်ယူခဲ့ရာတွင် ပေါင်သန်း(၆၄၀)ကျော် သုံးစွဲခဲ့သည်။

အဆိုပါကစားသမားများကို နေရာအလိုက်ခွဲခြားမည်ဆိုပါက နောက်ခံကစားသမားများအား ခေါ်ယူမှုမှာ အရေအတွက်အများဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း (၁၁)ဦးရှိခဲ့သည်။

ယင်းကစားသမားများအတွက် အသုံးပြုခဲ့ရသည့် ငွေကြေးပမာဏမှာ ပေါင်သန်း(၂၄၀)ဖြစ်ကြောင်း သိရသည်။ အာဆင်နယ်အသင်း ခေါ်ယူခဲ့သည့် နောက်ခံကစားသမားများမှာ ပါဘလိုမာရီ၊ စီဒရစ်၊ ဂါဘရီယဲလ်၊ နူနိုတာဗာရက်စ်၊ ဘင်ဝှိုက်၊ တော်မီယာဆု၊ ထရပ်စတီ၊ ဇင်ချန်ကို၊ ကီဝီယော၊ တင်ဘာနှင့် ယခု နွေရာသီတွင် ခေါ်ယူခဲ့သည့် ကာလာဖီအိုရီတို့ဖြစ်သည်။

ယင်းကစားသမားများထဲတွင် စီဒရစ်တစ်ဦးကိုသာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခဲ့ ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးအများဆုံးသုံးစွဲခဲ့ရသူမှာ ဘရိုက်တန်အသင်းထံမှ ပေါင်သန်း(၅၀)ဖြင့် ခေါ်ယူခဲ့သည့် ဘင်ဝှိုက်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent