လူငယ်တိုက်စစ်ကစားသမားဖြစ်သူ ကာဗယ်လ်ညိုအား ပေါင်သန်း ၂၀ ရပါက လီဗာပူးလ်အသင်း ရောင်းထုတ်ဖွယ်ရှိ

လူငယ်တိုက်စစ်ကစားသမားဖြစ်သူ ကာဗယ်လ်ညိုအား ပေါင်သန်း ၂၀ ရပါက လီဗာပူးလ်အသင်း ရောင်းထုတ်ဖွယ်ရှိ
Photo: The New York Times
Photo: The New York Times
Published 3 August 2024

 

လီဗာပူးလ်အသင်းသည် အသင်းလူငယ်တိုက်စစ်ကစားသမား ကာဗယ်လ်ညိုအား ပေါင်သန်း ၂၀ ရပါက ရောင်းထုတ်ဖွယ်ရှိနေကြောင်း The Telegraph က ဖော်ပြခဲ့သည်။ 

ပေါ်တူဂီတိုက်စစ်ကစားသမား ကာဗယ်လ် ညို(၂၁ နှစ်)သည် ၂၀၂၂ ခုနှစ်တွင် ဖူလ်ဟမ် အသင်းမှ လီဗာပူးလ်အသင်းထံသို့ Add-ons ကြေးများအပါအဝင် ပေါင် ၇ ဒသမ ၇ သန်း ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

ကာဗယ်လ်ညိုသည် လီဗာပူးလ်အသင်း၏နည်းပြဟောင်းဖြစ်သူ ယာဂန်ကလော့ပ်လက်ထက်တွင် အသင်း၌နေရာရရန်ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့်ရာသီက အငှားထွက် ကစားခဲ့ရသည်။ 

ယခုလီဗာပူးလ်နည်းပြသစ်ဖြစ်သူ ဆလော့သည် ကာဗယ်လ်ညိုအား လီဗာပူးလ်အသင်းတွင် ဆက်ရှိရန်ရည်မှန်းထားပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် အလိုရှိနေကြောင်း သိရသည်။ 

သို့သော် ကစားသမားကသာ အသင်းပြောင်းရွှေ့လိုပါက လီဗာပူးလ်အသင်းအနေဖြင့် တားဆီးမည်မဟုတ်ကြောင်းလည်း သိရ သည်။ လီဗာပူးလ်အသင်းသည် ကာဗယ်လ်ညိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ အလိုရှိနေကြောင်း သိရသည်။ 

Most Read

Most Recent