အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဆုတံဆိပ်အများဆုံး အမေရိကန်အမျိုးသမီးကစားသမားအဖြစ် ရေကူးအားကစားမယ် လီဒက်ကီ စံချိန်တင်

အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဆုတံဆိပ်အများဆုံး အမေရိကန်အမျိုးသမီးကစားသမားအဖြစ် ရေကူးအားကစားမယ် လီဒက်ကီ စံချိန်တင်
Photo: Getty Images
Photo: Getty Images
Published 3 August 2024

 

နာမည်ကြီး အမေရိကန်ရေကူးအားကစားမယ် ကေတီလီဒက်ကီသည် အမျိုးသမီး ၄_၂၀၀ မီတာ အလွတ်ကူးပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ဆွတ်ခူးရရှိပြီးနောက် အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဆုတံဆိပ်အများဆုံး အမေရိကန်အမျိုးသမီးအားကစားသမား အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်ရှိပြီဖြစ်သူ လီဒက်ကီသည် သြဂုတ် ၁ ရက်က ကျင်းပသည့် အမျိုးသမီး ၄×၂၀၀ မီတာ အလွတ်ကူးပြိုင်ပွဲတွင် ၀ိန်းစတိန်း၊ မက်ဒန်၊ ဂမ်မဲလ်တို့နှင့်တွဲဖက်၍ ယှဉ်ပြိုင်ရာ ငွေတံဆိပ်ဆုရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် သြစတြေးလျအသင်းက ခုနစ် မိနစ်၊ ၃၈ ဒသမ ၀၈ စက္ကန့်ဖြင့် ရွှေတံဆိပ်ဆု ရရှိသလို အိုလံပစ်စံချိန်တင်နိုင်ခဲ့ပြီး အမေရိကန်အသင်းက ခုနစ်မိနစ်၊ ၄၀ ဒသမ ၈၆ စက္ကန့်ဖြင့် ငွေတံဆိပ်၊ တရုတ်အသင်းက ခုနစ် မိနစ်၊ ၄၂ ဒသမ ၃၄ စက္ကန့်ဖြင့် ကြေးတံဆိပ် ရရှိခဲ့သည်။

လီဒက်ကီသည် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲတွင် မီတာ ၄၀၀ အလွတ်ကူးပြိုင်ပွဲ၌ ကြေးတံဆိပ်၊ မီတာ ၁၅၀၀ အလွတ်ကူးပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိထားပြီး ၄×၂၀၀ မီတာ အလွတ်ကူးပြိုင်ပွဲ၌ ငွေတံဆိပ်ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းအနေဖြင့် အိုလံပစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရှစ်ခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ်တစ်ခု၊ စုစုပေါင်း ၁၃ ခု ရရှိထားပြီဖြစ်ပြီး သမိုင်းတစ်လျှောက် ဆုတံဆိပ်အများဆုံးရယူနိုင်သည့် အမေရိကန်အမျိုးသမီးအားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

လီဒက်ကီသည် ဂန္ထဝင်ရေကူးမယ် ဂျန်နီသွမ်ဆင်၏ ဆုတံဆိပ် ၁၂ ခုကို ကျော်ဖြတ် နိုင်ခဲ့ခြင်းဖြစ်ပြီး အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဆုတံဆိပ်အများဆုံး အားကစားစာရင်းတွင် ပူးတွဲအဆင့် ၅ နေရာသို့ရောက်ရှိလာသည်။ ပြိုင်ပွဲသမိုင်းတွင် ဆုတံဆိပ်အများဆုံးရရှိထားသူမှာ အမေရိကန်ရေကူးသမားဟောင်း မိုက်ကယ်ဖဲလ်စ်ဖြစ်ပြီး ရွှေတံဆိပ် ၂၃ ခုအပါအဝင် ဆုတံဆိပ် ၂၈ ခုအထိရရှိထားသည်။

Most Read

Most Recent