Mpox ရောဂါ ကူးစက်ဖြစ်ပွားနေကြောင်း ကင်ညာနှင့် ဗဟိုအာဖရိကသမ္မတနိုင်ငံများက ကြေညာ

Mpox ရောဂါ ကူးစက်ဖြစ်ပွားနေကြောင်း ကင်ညာနှင့် ဗဟိုအာဖရိကသမ္မတနိုင်ငံများက ကြေညာ
Mpox ရောဂါကို အဏုကြည့်မှန်ပြောင်းဖြင့် မြင်တွေ့ရစဉ်(Photo: AFP)
Mpox ရောဂါကို အဏုကြည့်မှန်ပြောင်းဖြင့် မြင်တွေ့ရစဉ်(Photo: AFP)
Published 1 August 2024

အာဖရိက၏ ကျန်းမာရေးအရာရှိများသည် Mpox ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကြိုးပမ်းနေစဉ် ကင်ညာနှင့် ဗဟိုအာဖရိကသမ္မတနိုင်ငံများတွင် Mpox ရောဂါ ကူးစက်ဖြစ်ပွားမှုဖြစ်စဉ်အသစ်များရှိနေကြောင်း ကြေညာခဲ့သည်။

ကင်ညာတောင်ပိုင်းနယ်စပ်တွင် ယူဂန်ဒါမှ ရဝမ်ဒါသို့ သွားရောက်မည့် ခရီးသည်တစ်ဦးကို စစ်ဆေးရာတွင် Mpox ရောဂါကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ပြီးနောက် ကင်ညာအစိုးရက ဇူလိုင် ၃၁ ရက်တွင် Mpox ရောဂါကူးစက်ဖြစ်ပွားမှုကို ကြေညာခဲ့သည်။

ဗဟိုအာဖရိက သမ္မတနိုင်ငံတွင် ဇူလိုင်  ၂၉ ရက်က Mpox ရောဂါကူးစက်ဖြစ်ပွားမှု ဖြစ်စဉ်အသစ်ကို ကြေညာခဲ့ပြီးနောက် ထိုကြေညာချက်ကို ဘန်ဂွီမြို့တော်အထိ နေရာတိုးချဲခဲ့သည်။

“နိုင်ငံရဲ့ ဒေသ ၇ မှာ Mpox ရောဂါကူး စက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အရမ်းစိုးရိမ်မိပါတယ်” ဟု ဗဟိုအာဖရိက သမ္မတနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးဝန်ကြီး ပီယာရီဆွမ်စီက ဇူလိုင် ၂၉ ရက်တွင် ပြော ကြားခဲ့သည်။

“၂၀၂၂ ုခနှစ်က နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ကူးစက်ဖြစ်ပွားခဲ့သည့် နိုင်ငံတကာ ရောဂါကူးစက်မှုဖြစ်စဉ်အတွင် Mpox ရောဂါကို တစ်ကမ္ဘာလုံးက အာရုံစိုက်လာခဲ့ကြသည်။ Mpox သည် အနောက်အာဖရိကတွင် ဆယ် စုနှစ်များစွာကြာ ဒေသအလိုက်ဖြစ်ပွားသည့် ကပ်ရောဂါတစ်မျိုးဖြစ်ခဲ့သည်။

ကွန်ဂိုတွင် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်သည့် Mpox ရောဂါဖြစ်စဉ်ကို ပထမ ဆုံးအကြိမ်အတည်ပြုနိုင်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ကြေညာခဲ့သည်။

ထို့ကြောင့် Mpox ရောဂါကို ထိန်းချုပ်ရန် ပိုမိုခက်ခဲနိုင်ခြေရှိကြောင်း အာဖရိက သိပ္ပံပညာရှင်များက သတိပေးခဲ့သည်။

အနောက်နိုင်ငံများတွင် Mpox ရောဂါကို ကာကွယ်ဆေးများ၊ ကုထုံးများနှင် ့ထိန်းချုပ်နိုင်ခဲ့သော်လည်း မကြာသေးမီလများအတွင်း Mpox ရောဂါကူးစက်မှုများရှိကြောင်း ကြေညာခဲ့သည့် နိုင်ငံအချို့တည်ရှိသည့် အာ ဖရိက၏ နေရာဒေသများတွင် ကာကွယ်ဆေးများနှင့် ကုထုံးများ မရှိသလောက် ရှားပါးနေသည်။

ရောဂါကူးစက်မှုကို အဆိုးရွားဆုံးခံခဲ့ရသည့်နိုင်ငံမှာကွန်ဂိုနိုင်ငံဖြစ်ပြီး ယခုနှစ်အတွင်း ရောဂါကူးစက်ခံရသူ ၁၂၀၀၀ ကျော်ရှိခဲ့ကာ သေဆုံးသူ ၄၇၀ ထက်မနည်းရှိခဲ့သည်။

Mpox ရောဂါ ဖြစ်ပွားမှုကို ၂၀၂၂ ခုနှစ် က နောက်ဆုံး အကြိမ်မှတ်တမ်းတင်နိုင်ခဲ့သည့် တောင်အာဖရိကနိုင်ငံတွင်လည်း ယခုနှစ်အတွင်း Mpox ရောဂါကူးစက်မှုဖြစ်စဉ်များရှိကြောင်း ကြေညာခဲ့သည်။

Mpox ရောဂါကို အစောပိုင်းကမျောက် ကျောက်ရောဂါဟုလူသိများခဲ့သော်လည်း လူမျိုးရေးခွဲခြားမှုကို ရှောင်လွှဲရန်အတွက် Mpox အဖြစ် ပြန်လည်အမည်ပေးခဲ့သည်။

ထိုရောဂါသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူများ သို့မဟုတ် တိရစ္ဆာန်များ နှင့်အနီးကပ်ထိတွေ့မိရာမှ ကူးစက်ခံရနိုင်သည့်အပြင် ညစ်ညမ်းသည့်အခင်းများကဲ့သို့ ပစ္စည်းများမှတစ်ဆင့် ကူးစက်ခံရနိုင်ပြီးဖျားနာခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့်အရေပြားယားယံကာ အဖုအပိမ့်များထွက်ခြင်းတို့ကို ခံစားရနိုင်သည်။

၁၉၇၀ ပြည့်နှစ်ဝန်းကျင်ကတည်းက ဗဟိုနှင့်အနောက်အာဖရိကနေရာများတွင် ယင်းရောဂါဖြစ်ပွားလေ့ရှိသော်လည်းဥရောပ၊ မြောက်အမေရိကနှင့်ကမ္ဘာ့နိုင်ငံအများအပြားတွင် အထူးသဖြင့် လိင်တူချစ်သူအမျိုးသားများနှင့် လိင်တူလိင်ကွဲဆက်ဆံသူအမျိုးသားများအကြား ယင်းရောဂါကူးစက်ပျံ့နှံ့မှုများ စတင်ဖြစ်ပွားခဲ့သည်။Mpox လူနာများတွင် လိင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားသော ဆက်စပ်ရောဂါများဖြစ်ပွားလေ့ရှိသည်။

Ref: AP

Most Read

Most Recent