ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ခေတ္တပိတ်ထားသည့် အခြေခံပညာကျောင်းပေါင်း ၃၈၄ ကျောင်းအနက် ၄၄ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့ကာ ကျောင်း ၃၄၀ မှာ ပိတ်ထားရဆဲဖြစ်

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ခေတ္တပိတ်ထားသည့် အခြေခံပညာကျောင်းပေါင်း ၃၈၄ ကျောင်းအနက် ၄၄ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့ကာ ကျောင်း ၃၄၀ မှာ ပိတ်ထားရဆဲဖြစ်
Published 1 August 2024

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု များ ကြောင့် ခေတ္တပိတ်ထားသည့် အခြေခံ ပညာကျောင်းပေါင်း ၃၈၄ ကျောင်းအနက် ၄၄ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့ကာ ကျောင်း ၃၄၀ မှာ ပိတ်ထားရဆဲဖြစ်ကြောင်း သြဂုတ် ၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြ ချက်အရ သိရသည်။

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံ မှုများ ဖြစ်စဉ်ကြောင့် ဇူလိုင် ၂၅ ရက်မှစ၍ အနိမ့်ပိုင်းရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူ များအား ပြည်နယ်အတွင်း ကယ်ဆယ်ရေး စခန်း ၅၇ ခုဖွင့်လှစ်၍ အိမ်ထောင်စု ၆၈၀၀ ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ရပြီး အခြေ ခံပညာကျောင်းပေါင်း ၃၈၄ ကျောင်းကို ခေတ္တပိတ်ထားပေးရကာ ၄၄ ကျောင်း ပြန် လည်ဖွင့်လှစ်ခဲ့သည့်အတွက် ၃၄၀ မှာ ခေတ္တ ပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် ရေကြီးရေလျှံမှုများ ကြောင့် ဘားအံ၊ လှိုင်းဘွဲ၊ ရွှေဂွန်း၊ ကမမောင်း၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့ များတွင် ယာယီကယ်ဆယ်ရေးစခန်းပေါင်း ၆၀ ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ၂၈၀၀၀ ကျော်ရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနမှ သိရသည်။

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေ များစီးဆင်းကာ မြစ်ရေ ချောင်းရေများမြင့်တက်လာသည့်အတွက် ဇူလိုင် ၂၅ ရက်မှစ၍ အနိမ့်ပိုင်း လူနေရပ်ကွက်/ကျေးရွာများ အတွင်း ရေများဝင်ရောက်၍ ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရ သည်။

ထိုသို့နေရာချပေးရာတွင် ကရင်ပြည် နယ်၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာ သွန်းမှုကြောင့် မြစ်ရေချောင်းရေများမြင့် တက်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ ဘားအံ၊ လှိုင်းဘွဲ၊ ရွှေဂွန်း၊ ကမမောင်း၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့များတွင် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းအချိန်ထိ ယာယီ ကယ်ဆယ်ရေးစခန်းပေါင်း ၆၀ ခုနှင့် နီးစပ်ရာ ဆွေမျိုးများနေအိမ်များတွင် ယာယီပြောင်း ရွှေ့နေထိုင်သော အိမ်ထောင်စုပေါင်း ၇၃၅၀ ရှိပြီး လူဦးရေ နှစ်သောင်းရှစ်ထောင်ကျော် ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၀ ရက်ကလည်း ပြည်နယ်ဝန် ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သည် လှိုင်းဘွဲမြို့နယ်အတွင်း ရှိရေဘေးသင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးနှင့်လှိုင်း ဘွဲ မြို့တွင်းလမ်းပိုင်း အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှုကြောင့် ရေကျော်နေမှုနှင့် လမ်းထိခိုက်မှုအခြေအနေ၊ လမ်းဘေးဝဲယာ ရှိ စိုက်ပျိုးပြီး မိုးစပါးစိုက်ခင်းများ ရေကြီးနစ် မြုပ်ထိခိုက်ပျက်စီးမှုအခြေအနေများကို မော် တော်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမနှင့် မြို့မဂျာမေဗလီ ရေဘေးကယ်ဆယ်ရေးစခန်း တို့တွင် ယာယီပြောင်းရွှေ့နေထိုင်သော ရေ ဘေး သင့် ပြည်သူများအား အောင်ဆန်းခန်းမ ၌ တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည် နယ်အစိုးရအဖွဲ့အနေဖြင့် သဘာဝဘေး ကိုကြိုတင်မျှော်တွေးတွက်ဆ၍ ပြည်နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုအဖွဲ့ အစည်းအဝေးကို နှစ်ကြိမ်တိုင်တိုင် ကျင်းပပြီး ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ရန်၊ အရေးပေါ် တုံ့ပြန်နိုင်ရန်နှင့် ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရန် ကြိုတင်စီမံဆောင်ရွက်ထားပါကြောင်း ပြော ကြားခဲ့ပြီး အိမ်ထောင်စု ၈၇ စု၊ လူဦးရေ ၄၀၂ ဦးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက် ပံ့ သော ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ အစရှိသော စားသောက်ကုန် ပစ္စည်း များ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန် လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေ ကျပ် ၈၄၄၂၀၀ တို့ကို ထောက် ပံ့ ပေးအပ်ပြီး ရေဘေးသင့်ပြည်သူများ အ သင့် စားသုံးနိုင်ရန် နေ့လယ်စာ ထမင်းဘူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လှိုင်းဘွဲမြို့၊ အနိမ့်ပိုင်းရပ် ကွက် များအတွင်း ရေဝင်ရောက်မှု အခြေအနေ၊ စိုက်ပျိုးပြီးသီးနှံများ ရေကြီးနစ်မြုပ်မှု အခြေ အနေ၊ လူနေအိမ်များရေနစ်မြုပ်မှု အခြေ အ နေများကို စက်တပ်လှေငယ်များဖြင့် လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေး ရွာရှိ ဆိုင်ကလုန်းရှက်တာ cyclone shelter ရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီပြောင်း‌ရွှေ့နေထိုင်သောရေဘေး သင့် ပြည်သူများအား တွေ့ဆုံခဲ့ပြီး အဆိုပါကယ် ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၅၉ စု၊ လူဦး ရေ ၂၄၆ ဦး တို့အား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥအစရှိသော စားသောက်ကုန်ပစ္စည်း များ၊ ထောက်ပံ့ငွေနှင့် ထမင်းဘူးများ ပေးဝေ ခဲ့ကြောင်း သိရသည်။

Most Read

Most Recent