စက်သုံးဆီ ပြတ်လပ်မည်ဆိုသော ကောလာဟလ သတင်းများကြောင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း မပြုလုပ်ကြရန်နှင့် လက်ရှိအခြေအနေများအရ စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ဟုဆို

စက်သုံးဆီ ပြတ်လပ်မည်ဆိုသော ကောလာဟလ သတင်းများကြောင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း မပြုလုပ်ကြရန်နှင့် လက်ရှိအခြေအနေများအရ စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ဟုဆို
Published 1 August 2024

စက်သုံးဆီ ပြတ်လပ်မည်ဆိုသော ကောလာဟလ သတင်းများကြောင့် လိုအပ် သည်ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထား ရှိခြင်း မပြုလုပ်ကြရန်နှင့် လက်ရှိအခြေအ နေများအရ စက်သုံးဆီ ပြတ်လပ်မှုမရှိနိုင် ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ပြောကြား သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မ တီ၏ ကြီးကြပ်မှုဖြင့် သီလဝါဆိပ်ကမ်းဒေသ ရှိ သိုလှောင်ကန်စခန်းများ၌ ၂၀၂၄ ခုနှစ် သြဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီ ဖူလုံစွာသုံးစွဲနိုင်ရေး ကြိုတင်သိုလှောင်ဖြန့် ဖြူးလျက်ရှိသည့်အပြင် ပြည်ပမှ စက်သုံးဆီ တင် သင်္ဘောများဖြင့်လည်း စဉ်ဆက်မပြတ် ဝင်ရောက်ရန် စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ပြောကြား သည်။

ဇူလိုင်လလယ်ခန့်မှစ၍ နိုင်ငံအနှံ့အ ပြား၌ မိုးအဆက်မပြတ်ရွာသွန်းပြီး နေရာ အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ ခြင်းကြောင့် သီလဝါဆိပ်ကမ်းဒေသရှိ  Terminal များ၌ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများ အနည်းငယ် နှောင့်နှေးကြန့်ကြာခြင်း၊ ဆီ တင်ယာဉ်များဖြင့် ဒေသအနှံ့အပြားသို့ ပို့ ဆောင်ရာတွင်လည်း အချို့ဒေသများ၏ လမ်းခရီးအခြေအနေများအရ ဆီတင်ယာဉ် ရောက်ရှိရန် အနည်းငယ် နှောင့်နှေးကြန့် ကြာခြင်းတို့ကြောင့် အရောင်းဆိုင်အချို့တွင် ဆီတင်ယာဉ်မရောက်မီ စက်သုံးဆီအမျိုးအ စားအချို့အား ယာယီပြတ်လပ်မှု မဖြစ်ပေါ် စေရေး စနစ်တကျ စိစစ်ထိန်းသိမ်းရောင်းချ စေလျက်ရှိသည့်အပြင် လိုအပ်ပါက Urgent အစီအစဉ်ဖြင့် ဖြည့်တင်းပေးခြင်း၊ ရေကြီးရေ လျှံမှုကြောင့် ယာယီပိတ်သိမ်းထားသော အ ရောင်းဆိုင်များသို့ ပေးပို့နေသည့် စက်သုံးဆီ များအား လိုအပ်သည့် အရောင်းဆိုင်များသို့ ရွှေ့ပြောင်းချယူစေခြင်းများကိုလည်း စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီး ဌာနမှ ပြောကြားထားသည်။

သို့ဖြစ်၍ အများပြည်သူများအနေဖြင့် မကြာမီစက်သုံးဆီပြတ်လပ်မည်ဆိုသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ် ကြောင့်ကြမှုဖြင့် လိုအပ်သည်ထက် ပိုမိုဝယ် ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ စျေးနှုန်းမြှင့် တင်၍ တစ်ဆင့်ပြန်လည်ရောင်းချခြင်းတို့ကို မပြုလုပ်ကြပါရန်၊ သုံးစွဲရန် လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူသုံးစွဲကြပါရန်၊ အ ရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်းမျိုး မပြုလုပ်ကြစေရေး စနစ်တကျ စိစစ်ကြပ်မတ်လျက် ရှိပါကြောင်း နှင့် လက်ရှိအခြေအနေများအရ စက်သုံးဆီ ပြတ်လပ်မှုမရှိနိုင်ကြောင်း စွမ်းအင်ဝန်ကြီး ဌာနမှ ပြောကြားထားသည်။

Most Read

Most Recent