ထောက်ကြန့်မြို့တွင် YBS ယာဉ်နှင့် အထည်ချုပ်ကြို/ပို့ယာဉ် တိုက်မိပြီး လူ ၃၀ ဒဏ်ရာရရှိကာ တစ်ဦး သေဆုံး

ထောက်ကြန့်မြို့တွင် YBS ယာဉ်နှင့် အထည်ချုပ်ကြို/ပို့ယာဉ် တိုက်မိပြီး လူ ၃၀ ဒဏ်ရာရရှိကာ တစ်ဦး သေဆုံး
Published 1 August 2024

ထောက်ကြန့်မြို့တွင် YBS ယာဉ်နှင့် အထည်ချုပ်ကြို/ပို့ယာဉ်တိုက်မိပြီး လူ ၃၀ ဒဏ်ရာရကာ တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဇူလိုင် ၃၁ ရက် ည ၇ နာရီခန့်တွင် ထောက်ကြန့်မြို့ နွယ်ခွေလမ်းမကြီး CNG ဂက်စ်ဆိုင်အနီးတွင် YBS ၃၅ နှင့် အထည်ချုပ်ကြို/ပို့ ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ တိုက်မိသဖြင့် အထည်ချုပ်ကြို/ပို့ ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ လူ ၃၀ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ထို့ပြင် အထည်ချုပ်ကြို/ပို့ ယာဉ်မှ ယာဉ်မောင်းမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“လူသုံးဆယ် ဒဏ်ရာရရှိပါတယ်။ အထည်ချုပ်ကားက ယာဉ်မောင်းက သေဆုံးသွားပါတယ်” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိသူများအနက် ၂၁ ဦးအား ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ယာဉ်ဖြင့်လည်းကောင်း၊ ကိုးဦးအား အခြားလူမှုကူညီရေးပရဟိတယာဉ်များဖြင့်လည်းကောင်း ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဆေးရုံမှ ပြန်ဆင်းခွင့်ရရှိခဲ့သည့် စက်ရုံဝန်ထမ်း ၁၂ ဦးအား ပုလဲအရန်မီးသတ်တပ်ဖွဲ့မှယာဉ်ဖြင့် နေရပ်သို့ လိုက်လံပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent