သထုံမြို့နယ် ဒုံသမိမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများ၌ ရေကြီးရေလျှံဖြစ်ပွားမှု ရက်သတ္တတစ်ပတ်ခန့်ရှိပြီး အရေးပေါ်အကူအညီများ လိုအပ်နေ

သထုံမြို့နယ် ဒုံသမိမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများ၌ ရေကြီးရေလျှံဖြစ်ပွားမှု ရက်သတ္တတစ်ပတ်ခန့်ရှိပြီး အရေးပေါ်အကူအညီများ လိုအပ်နေ
Published 31 July 2024

ဒုံသမိမြစ်ရေလျှံမှုကြောင့် စျေးမသွယ်ကျေးရွာရှိ နေအိမ်အချို့ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ကိုအောင်ကိုလတ် (ပါရမီလူမှုကူညီရေးအသင်း))

 

မွန်ပြည်နယ် သထုံမြို့နယ်အတွင်း ဒုံသ မိမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများ၌ ရေကြီး ရေလျှံမှုဖြစ်ပွားနေသည်မှာ ရက်သတ္တတစ်ပတ် ခန့်ရှိနေပြီး အရေးပေါ်အကူအညီများ လိုအပ် နေကြောင်း ဒေသခံများနှင့် လူမှုကူညီကယ် ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ တတိယအပတ်မှ စတင်ကာ မိုးနေ့စဉ်ရက်ဆက်ရွာသွန်းပြီး တောင်ကျရေ ဆင်းနေသည့်အတွက်ကြောင့် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်ခန့်မှ စတင်ကာ ဒုံ သမိမြစ်အတွင်း ရေလျှံမှုဖြစ်ပွားခဲ့ရာမှ မြစ်ရိုး တစ်လျှောက်ရှိ စခန်းကြီး၊ စျေးမသွယ်၊ ထောင် မှူး၊ ဒူးရင်းဆိပ်၊ ကြာပန်း၊ ကြက်တူရွေးတောင်၊ ရှမ်းစု၊ ဒလပန်း၊ အင်ကြင်းကုန်းအစရှိသည့် ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများဖြစ် ပွားနေကြောင်း ထောင်မှူးကျေးရွာမှ ဒေသခံ တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဒီနှစ်ရေကြီးတာ က ခါတိုင်းနှစ်ထက်ပိုများတယ်။ အရင်နှစ်တွေ က မမြုပ်တဲ့နေရာတွေပါ ရေဝင်တာမျိုးတွေ ရှိခဲ့တယ်။ အတတ်နိုင်ဆုံးတော့ ရေဘေးလွတ် တဲ့နေရာတွေမှာ လျှောက်နေနေကြရတယ်။ အကူအညီတွေကတော့ မလာသေးဘူး။ ဒီ ဘက်ခြမ်းမှာက ဖုန်းလိုင်းကလည်း ကောင်း ကောင်းမမိတော့ ဒေသခံတွေ ရေဘေးသင့် နေတာ သိပ်မသိကြဘူးလို့ ထင်ပါတယ”  ဟု ပြောကြားသည်။

ဒုံသမိမြစ်ရိုးတစ်လျှောက် ရေဘေးသင့် ကျေးရွာများမှ ရေဘေးသင့်သူများ မည်မျှရှိ နေသည်ကို အတိအကျမသိရသေးကြောင်း နှင့် တချို့ကျေးရွာများမှာ သွားရေးလာရေး ခက်ခဲကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

အဆိုပါ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ သည့် ဒုံသမိမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာတ ချို့အား သထုံအခြေစိုက် လူမှုကူညီကယ်ဆယ် ရေးအဖွဲ့တချို့က ရေဘေးကူညီကယ်ဆယ် ရေးများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

လက်ရှိ ဒူးရင်းဆိပ်ကျေးရွာတွင် ရေဘေး သင့်သူ ၁၀၀ ကျော်ရှိနေပြီး ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွင် ယာယီနေထိုင်နေကြ ကြောင်း၊ စျေးမသွယ်၊ အင်းဝိုင်း၊ အင်းနီ အစရှိ သည့် မြစ်ကမ်းနားဘေးရှိ ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားနေသည်ကို တွေ့ မြင်ရကြောင်း သထုံအခြေစိုက် ပါရမီလူမှုကူ ညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “လတ်တလောမှာ ရေဘေးသင့်ပြည်သူတွေအတွက် အဓိက သောက်ရေသန့်လိုမယ်။ ပြီးတော့ ထမင်းထုပ် ပေါ့။ တချို့ရွာတွေက ရေမြှုပ်ကုန်လို့ အဝတ် အစားတွေကအစ လိုအပ်ချက်တွေရှိနေတယ်။ ကျွန်တော်တို့လည်း အလှူရှင်တွေနဲ့ ပူးပေါင်း ပြီးတော့ အတတ်နိုင်ဆုံးလိုက်ပြီး ကူနေပါ တယ်”ဟု ပြောကြားသည်။

သထုံမြို့နယ် ဒုံသမိမြစ်ရိုးတစ်လျှောက်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ မှုများလုပ်ဆောင်လိုပါက သထုံမြို့အခြေစိုက် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ လှူဒါန်းနိုင်ကြောင်း သိရ သည်။

ဘိုဘိုမြင့်

Most Recent