ပရိသတ်(၁၀၀၀၀၀)ဝင်ဆံ့သည့် ကွင်းသစ်တည်ဆောက်ရန် မန်ယူအသင်း စီစဉ်နေပြီး ပေါင်(၂)ဘီလီယံတန် စီမံကိန်းဖြစ်လာမည်

ပရိသတ်(၁၀၀၀၀၀)ဝင်ဆံ့သည့် ကွင်းသစ်တည်ဆောက်ရန် မန်ယူအသင်း စီစဉ်နေပြီး ပေါင်(၂)ဘီလီယံတန် စီမံကိန်းဖြစ်လာမည်
Photo: Getty Images
Photo: Getty Images
Published 29 July 2024

မန်ယူအသင်းသည် ပရိသတ် (၁၀၀၀၀၀) ဝင်ဆံ့သည့် ကွင်းသစ်တည်ဆောက်ရန် စီစဉ်နေပြီး ပေါင် (၂)ဘီလီယံတန် စီမံကိန်းဖြစ်လာမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

မန်ယူအသင်းသည် လက်ရှိအချိန်၌ ပရိသတ်(၇၀၀၀၀)ကျော်ဝင်ဆံ့သည့် နာမည်ကျော် အိုးလ်ထရက်ဖို့ဒ်ကွင်းကို အသုံးပြုနေပြီး သက်တမ်း (၁၁၄)နှစ်ရှိနေပြီဖြစ်သည်။

မန်ယူအသင်း၏ ရှယ်ယာရှင်အသစ်ဖြစ်သူ ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ ရှယ်ယာ(၂၅%)ကို စတင်ဝယ်ယူစဉ်ကတည်းက ပရိသတ်ပိုမိုဝင်ဆံ့မည့် ကွင်းသစ်တည်ဆောက်သွားရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ အဆိုပါကွင်းသစ် စီမံကိန်းကို ယခုနှစ်ကုန်၌ အတည်ပြုကြေညာပြီး ၂၀၃၀ ခုနှစ်တွင် အပြီးသတ်တည်ဆောက်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းတာဝန်ရှိသူများအနေဖြင့် လက်ရှိအချိန်၌ ရီးယဲလ်အသင်း၏ ဘာနေဗျူးကွင်းကဲ့သို့ အိုးလ်ထရက်ဖို့ဒ်ကွင်းအား အဆင့်မြှင့်တည်ဆောက်ရန် သို့မဟုတ် အခြားနေရာ၌ ကွင်းသစ်တည်ဆောက်ရန် တစ်ခုခုကို ဆုံးဖြတ်ရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။

ကျွမ်းကျင်သူများ၏ ခန့်မှန်းတွက်ချက်မှုအရ ကွင်းအသစ် တည်ဆောက်မည်ဆိုပါက ပေါင်(၁.၂)ဘီလီယံဝန်းကျင်သာ ကုန်ကျမည်ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းကို ပြန်လည်ပြင်ဆင်တည်ဆောက်မည်ဆိုပါက ပေါင်(၂)ဘီလီယံဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ဆုံးဖြတ်ချက်ချမှတ်ရမည်ဖြစ်ပြီး ပေါင်(၂)ဘီလီယံတန် စီမံကိန်းဖြစ်လာရန် အလားအလာများကြောင်း သုံးသပ်နေကြသည်။

Most Read

Most Recent