တိုက်စစ်မှူး သန်းပိုင် ကန်ချနာဘူရီပါ၀ါအသင်းရောက်ပြီးနောက် ပထမဆုံးခြေစမ်းပွဲ ကစားမည်

တိုက်စစ်မှူး သန်းပိုင် ကန်ချနာဘူရီပါ၀ါအသင်းရောက်ပြီးနောက် ပထမဆုံးခြေစမ်းပွဲ ကစားမည်
Photo: KPFC
Photo: KPFC
Published 29 July 2024

 မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင်သည် ထိုင်းလိဂ်-၂ ကလပ် ကန်ချနာဘူရီပါ၀ါအသင်းသို့ ရောက်ရှိပြီးနောက် ပထမဆုံးရာသီကြိုခြေစမ်းပွဲစတင်ကစားခွင့်ရတော့မည်ဖြစ်သည်။

သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းသည် ဇူလိုင် ၃၁ ရက်၊ မြန်မာစံတော်ချိန် ညနေ(၄) နာရီခွဲတွင် ထိုင်းလိဂ်-၂ ကလပ် ကာဆက်ဆက်အသင်းနှင့် အိမ်ကွင်း၌ ရာသီကြိုခြေစမ်းကစားသွားမည်ဖြစ်သည်။

ကန်ချနာဘူရီပါ၀ါအသင်းသည် ကာဆက်ဆက်အသင်း နှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲကို ပရိသတ်များဝင်ရောက်ကြည့်ရှုခွင့်ပြုမည်ဖြစ်ပြီး အိမ်ကွင်းသို့ လာရောက်အားပေးရန် ပရိသတ်များအား ဖိတ်ခေါ်နေလျက်ရှိသည်။

ကန်ချနာဘူရီပါ၀ါအသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းကမှ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင်ကို လာမည့် ၂၀၂၄-၂၀၂၅ ရာသီအတွက် တစ်ရာသီစာချုပ် ချုပ်ဆို၍ ခေါ်ယူထားခြင်းဖြစ်သည်။

ထို့ကြောင့် သန်းပိုင်သည် ကန်ချနာဘူရီပါ၀ါအသင်းနှင့် ပူးပေါင်းပြီးနောက် ပထမဆုံးအဖြစ် အသင်းနှင့်အတူ ခြေစမ်းပွဲကစားခွင့်ရရှိတော့မည်ဖြစ်သည်။

ကန်ချနာဘူရီပါ၀ါအသင်းသည် ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်က ထိုင်းလိဂ်-၂ ကလပ် နာခွန်ဆရီယူနိုက်တက်အသင်းနှင့် အိမ်ကွင်းတွင် ရာသီကြိုခြေစမ်းပွဲကစားခဲ့ရာ(၁-၂) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

Most Read

Most Recent