ပဲခူးဘူတာအတွင်း ရထားလမ်းများ ရေကျော်နေသဖြင့် မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များ ယာယီဖျက်သိမ်း

ပဲခူးဘူတာအတွင်း ရထားလမ်းများ ရေကျော်နေသဖြင့် မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များ ယာယီဖျက်သိမ်း
Published 29 July 2024

ပဲခူးဘူတာအတွင်း ရထားသံလမ်းပေါ် ရေကျော်နေသောကြောင့် မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းထားကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် ပဲခူးဘူတာအတွင်း၊ တံတားအမှတ်(၆၀) တွင် ရထားသံလမ်းပေါ်သို့ ရေကျော်နေပြီး ရထားများဖြတ်သန်း၍ မရဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ဇူလိုင် ၂၉ ရက်တွင် မော်လမြိုင်ဘူတာမှ ထွက်ခွာမည့် အမှတ်(၈၂) အစုန် မော်လမြိုင် - ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာလာမည့် အမှတ်(၈၁) အဆန် ရန်ကုန် - မော်လမြိုင်ရထား ခရီးစဉ်များကို ယာယီဖျက်သိမ်းထားမည်ဖြစ်ကြောင်း အသိပေးထားသည်။

“လတ်တလော ပဲခူးမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေလို့ ရထားလမ်းတွေပါ် ရေကျော်နေတဲ့အတွက် ရထားခရီးစဉ်တွေကို ယာယီဖျက်သိမ်းထားရပါတယ်။ ရထားခရီးစဉ်တွေ ပြန်လည်ပြေးဆွဲပေးမယ့်ရက်ကို အသိပေး ထုတ်ပြန်ပေးသွားပါ့မယ်” ဟု မော်လမြိုင်ဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၂၉ ရက်တွင် ရထားခရီးစဉ်အတွက် ဝယ်ယူထားသောလက်မှတ်များကို မော်လမြိုင်ဘူတာကြီး နေ့ချင်းလက်မှတ်ရုံတွင် ငွေပြန်အမ်းသွားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent