သောင်ရင်းမြစ်ရေမြင့်တက်လာသဖြင့် မြဝတီမြို့ရှိ ပုဂ္ဂလိကဘဏ်အချို့ပိတ်ထားရပြီး ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရ

သောင်ရင်းမြစ်ရေမြင့်တက်လာသဖြင့် မြဝတီမြို့ရှိ ပုဂ္ဂလိကဘဏ်အချို့ပိတ်ထားရပြီး ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရ
Published 26 July 2024

မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေ ဆက်လက်မြင့်တက်လာကာ ဘုရင်နောင်လမ်းမကြီးထိ ရေကျော်နစ်မြုတ်လာခြင်းကြောင့် ချစ်ကြည်ရေးတံတား အမှတ်(၁)အနီးရှိ ပုဂ္ဂလိကဘဏ်များ ပိတ်လိုက်ရ သလို စာသင်ကျောင်းအချို့လည်း ပိတ်လိုက်ရကြောင်းသိရသည်။

ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ချစ်ကြည်ရေးတံတားထိပ်မှ ညစျေးထိပ်ထိ ဘုရင့်နောင်လမ်း တလျှောက် ရေပြည့်ရေလျှေံနေသည့်အတွက် ဘုရင့်နောင်လမ်းဘေးရှိ ဘဏ်များအပြင် စျေးဆိုင်များလည်းပိတ်ရကြောင်း၊ ကြံခင်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ရပ်ထားသော မော်​တော်ယာဉ်များ ရေနစ်မြုပ်သွားကြောင်း သိရသည်။

" ဒီကားပိုင်ရှင်က အနိမ့်ပိုင်းကလာပြီး ကားကိုဒီမှာ လာထားတာဖြစ်မယ်၊ လမ်းမကြီးဆိုတော့ ရေမြုပ်မယ်လို့ ဘယ်ထင်မလဲ၊ ခုတော့ တစ်စီးလုံး မြုပ်တော့မယ်၊ပိုင်ရှင်ကတော့မသိဘူးထင်တာပဲ"ဟု ကြံခင်းဘုန်းတော်ကြီး ကျောင်းအနီး တက္ကစီဆိုင်ကယ်မောင်းသူတစ်ဦးကပြောသည်။

သောင်ရင်းမြစ်ရေသည် ဆက်လက်မြင့်တက်နေပြီး တစ်ချို့သောသူများကို လူမှုကယ်ဆယ်ရေး အသင်းသားများက  ပြောင်းရွှေနေဆဲဖြစ်သည်။

အမတ် ၅ ရပ်ကွက် ၊သရက်ပင်ဂိတ် နေသူတစ်ဦးက" ညီမတို့အိမ်ကတော့ မြင်တဲ့အတိုင်းပဲ ခေါင်မိုးထိ မြုပ်သွားပါပြီ၊  အိမ်ထဲက ပစ္စည်းတွေကို ဘာမှမယူခင်ဘူး၊ ညက အမှောင်ထဲ ကိုယ်လွတ်ရုန်းလာရတာ၊ခု စက်လေနဲ့သွားကြည့်မလို့ပါ"ဟု ဆိုသည်။

မြဝတီမြို့ အနိမ့်ပိုင်းများအပြင် မြို့ပေါ်ရပ်ကွက်များထိ ရေနစ်မြုတ်လာခြင်းကြောင့် ရေဘေးရှောင်းပြည်သူများ အား ဓမ္မာရုံများ၊ဘုန်းတော်ကြီးကျောင်းများတွင် ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ပြီး နေထိုင်စားသောက် ရေးလိုအပ်ချင်များအား သက်ဆိုင်ရာနှင့် အလှူရှင်စေတနာရှင်များက ကူညီဖြေရှင်းပေးလျှက်ရှိကြောင်း သိရသည်။

Most Read

Most Recent