ဂိုးသမား အီဒါဆန် အသင်းတွင် ဆက်ရှိရန် မသေချာကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဝန်ခံ

ဂိုးသမား အီဒါဆန် အသင်းတွင် ဆက်ရှိရန် မသေချာကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 25 July 2024

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆော်ဒီကလပ်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားခြင်းခံနေရသည့် အသင်းဂိုးသမား အီဒါဆန်အနေဖြင့် အသင်းတွင် ဆက်ရှိရန် မသေချာကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် (၃၀) အရွယ်ရှိ ဘရာဇီးလ်ဂိုးသမား အီဒါဆန်သည် မန်စီးတီးအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် စီရော်နယ်လ်ဒို ကစားနေသည့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံသို့ ပြောင်းရွှေ့ကစားမည်ဟု သတင်းထွက်နေသည်။

အယ်လ်နာဆာအသင်းသည် အီဒါဆန်အား ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီဖြစ်ပြီး ပြောင်းရွှေ့ကြေး ညှိနှိုင်းရာတွင် မန်စီးတီးအသင်းနှင့် အဆင်မပြေဖြစ်နေကြောင်း သိရသည်။

ဆဲလ်တစ်အသင်း (၃-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ရာသီကြိုခြေစမ်းပွဲအပြီးတွင် ဂွါဒီယိုလာက ''ကျွန်တော်ကတော့ သူ့(အီဒါဆန်)ကို အသင်းမှာ ဆက်နေစေချင်ပါတယ်။ ဒါပေမဲ့ အီဒါဆန်အနေနဲ့ အသင်းမှာ ဆက်ရှိ၊ မရှိက တခြားအသင်းတွေရဲ့အပေါ်မှာ မူတည်ပါတယ်။ သူ့ရဲ့အခြေအနေကို ကျွန်တော် မသိပါဘူး။ ဒီရက်ပိုင်းအတွင်း သူ့အတွက် အဆက်အသွယ်တော့ မရှိပါဘူး။ သူဟာ ကျွန်တော်တို့နဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရှိနေမှာဖြစ်ပြီး ဘယ်လိုဖြစ်လာမယ်ဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent