ရီးယဲလ်မက်ဒရစ်အသင်း ခေါ်ယူရန် စိတ်ဝင်စားနေသည့် အာနိုးလ်အား လစာတိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုရန် လီဗာပူးလ်အသင်း စီစဉ်

ရီးယဲလ်မက်ဒရစ်အသင်း ခေါ်ယူရန် စိတ်ဝင်စားနေသည့် အာနိုးလ်အား လစာတိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုရန် လီဗာပူးလ်အသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 25 July 2024

လီဗာပူးလ်အသင်းသည် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသည့် နောက်ခံကစားသမား အာနိုးလ်အား လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

ရီးယဲလ်အသင်းသည် ၀ါရင့်နောက်ခံကစားသမား ကာဗာဟယ်လ်၏နေရာတွင် အစားထိုးရန်အတွက် လီဗာပူးလ်အသင်းနှင့်စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သည့် အာနိုးလ်ကို ယခုနွေတွင်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

သို့သော် လီဗာပူးလ်အသင်းသည် အသင်းအကယ်ဒမီထွက်ဖြစ်ပြီး အဓိက ကစားသမားဖြစ်သူ အာနိုးလ်ကိုလက်လွှတ်လိုခြင်းမရှိဘဲ လစာများစွာတိုးပေးကာ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

The Sun ၏ ဖော်ပြချက်အရ အာနိုးလ်သည် လီဗာပူးလ်နည်းပြ အာနယ်ဆလော့နှင့် ဆွေးနွေးပြီးဖြစ်ပြီး အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် အသင့်ရှိနေကြောင်းလည်း သိရှိရသည်။

လီဗာပူးလ်အသင်းအတွင်းလူတစ်ဦးက ''အာနိုးလ်က နည်းပြသစ်နဲ့ စကားပြောပြီးပါပြီ။ ယူရိုမတိုင်ခင်ကတည်းက ပြောခဲ့ကြတာဖြစ်ပြီး အခုလည်း သူတို့အကြား အဆက်အသွယ်ရှိပါတယ်။ အာနိုးလ်ဟာ တခြားလီဗာပူးလ်ကစားသမားတွေလိုပဲ နည်းပြသစ်နဲ့ အလုပ်တွဲလုပ်ဖို့ စိတ်လှုပ်ရှားနေပါတယ်။ လီဗာပူးလ်အနေနဲ့ သူ့ကို လစာတိုးပေးပြီး စာချုပ်သစ်အတွက် ကမ်းလှမ်းဖို့ အသင့်ရှိနေပါတယ်''ဟု ပြောကြားခဲ့သည်။

အာနိုးလ်(၂၅ နှစ်) သည် လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ပွဲ (၃၁၀) အထိ ကစားထားသည်။ 

Most Read

Most Recent