Yoma Strategic Holdings ကုမ္ပဏီ၏ ဥက္ကဋ္ဌအဖြစ်မှ မစ္စတာ ဆာ့ပန်းနုတ်ထွက်လိုက်သည်ဟု Yoma ကုမ္ပဏီက ထုတ်ပြန်

Yoma Strategic Holdings ကုမ္ပဏီ၏ ဥက္ကဋ္ဌအဖြစ်မှ မစ္စတာ ဆာ့ပန်းနုတ်ထွက်လိုက်သည်ဟု Yoma ကုမ္ပဏီက ထုတ်ပြန်
Published 25 July 2024
Ref- The Edge Singapore

မစ္စတာဆာ့ပန်းသည် Yoma Strategic Holdings ကုမ္ပဏီ၏ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်လိုက်သည်ဟု ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် ယင်းကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

အမှုဆောင်ချုပ်အဖြစ်ဆောင်ရွက်နေသော ၎င်း၏သား မဲလ်ဗင်ပန်းက ဥက္ကဋ္ဌအဖြစ် ထပ်တိုးလာသော တာဝန်ကို ရယူသွားမည်ဟုဆိုသည်။

ထို့အပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ၂၀၂၄ ခုနှစ် ဇူလိုင်အတွင်း ဆာ့ပန်း၏အလှည့်ကျ ဒါရိုက်တာဖြစ်ခဲ့သော ဆိုင်ရီပန်းသည် ဒါရိုက်ဝာာအဖြစ် ဘုတ်အဖွဲ့ထဲ ပြန်လည်ပါဝင်လာမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုအခြေအနေများသည် မစ္စတာဆာ့ပန်းနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံတွင်ဆောင်ရွက်နေသာ ဘဏ်လုပ်ငန်းများနှင့်စပ်လျဉ်း၍ မြန်မာအာဏာပိုင်များနှင့် ၎င်း၏စေ့စပ်ဆွေးနွေးမှုများနှင့် ပတ်သက်၍လည်းကောင်း မရေမရာအ‌ခြေအနေများကို ပေါ်ပေါက်‌စေခဲ့သည်ဟု Yoma ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဲဒီအခြေအနေတွေကြောင့် ကုမ္ပဏီရဲ့ဒါရိုက်တာအဖွဲ့နဲ့အတူ မစ္စတာဆာ့ပန်းဟာ အဲဒီရာထူးဆက်ခံရေးအစီအမံတွေ မြန်ဆန်လာ‌အောင်ကုမ္ပဏီ၊ အစုရှယ်ယာရှင်တွေ၊ ဝန်ထမ်းတွေ၊ ဖောက်သည်တွေရဲ့ အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုဆုံးဖြတ်ချက်ကြောင့် မစ္စတာဆာ့ပန်းဟာ အထက်ပါကိစ္စတွေနဲ့အုပ်စုရဲ့တည်ငြိမ်မှုတို့ကို ထိန်းထားဖို့ အာရုံစိုက်နိုင်လာပါတယ်” ဟု Yoma က ဖြည့်စွက်ဖော်ပြခဲ့သည်။

“ကုမ္ပဏီရဲ့အများဆုံး ရှယ်ယာရှင်တစ်ဦးအနေနဲ့ ကျွန်ဝောာ့်ရဲ့ ရင်းနှီးမြုပ်နှံမှုပမာဏကို လျှော့ချဖို့မရည်ရွယ်ပါဘူး။ ကုမ္ပဏီဆက်လက်အောင်မြင်နေစေဖို့နဲ့ နောက်လာမယ့် တိုးတက်မှုအဆင့်တစ်ခုကို ရောက်ဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု အစုရှယ်ယာဝင်များထံပေးစာတွင် ဆာ့ပန်းက ဖော်ပြခဲ့သည်။

ဆာ့ပန်းသည် ၎င်း၏ဆက်သွယ်ရေးကိရိယာများကို လုံးလုံးအကန့်အသတ်မရှိအသုံးပြုနေခြင်းမရှိဟု ဇူလိုင် ၁၉ ရက်တွင် Yoma က ထုတ်ပြန်ခဲ့ပြီးနောက် ရာထူးအပြောင်းအလဲ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းသည် နေပြည်တော်တွင် သက်ဆိုင်ရာအာဏာပိုင်များက စီစဉ်ပေးသော နေရာတွင်ဆက်လက်ရှိနေမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

ဆာ့ပန်းနေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည်ဆိုသော သတင်းများကို Yoma ကုမ္ပဏီက အတည်မပြုပေ။

Most Read

Most Recent